Daily Archives: September 4, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ရေတာရှည် စက်တင်ဘာ ၄ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ စက်တင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ အုပ်စု၊ တောင်နန်ချွန်ကျေးရွာ၌ စွန့်ပစ်စပါးခွံသုံး Gasifier လည်ပတ်၍ မုန့်ဖတ်ခြောက်လုပ်ငန်း လုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Gasifier မှ ထွက်ရှိသည် ရေဆိုးများအား စနစ် တကျသန့်စင်ခြင်းဆောင်ရွက်ပြီးမှသာ စွန့်ပစ်ရန်နှင့် ထွက်ရှိလာသော စပါးခွံဖွဲပြာများအား လောင်စာ တောင့်ထုတ်လုပ်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မုန့်ဖတ်ခြောက်အလုပ်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံသည့် စားသောက်ကုန်များ ဖြစ်စေရေး၊ FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ ပြန်လည်အဆင့်မြှင့်တင်၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး …

Read More »