Daily Archives: September 26, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးများ ရိတ်သိမ်းနေသည့်အချိန်ဖြစ်၍ အလေအလွင့်နည်းပါးပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် စနစ်တကျရိတ်သိမ်းရန်လိုအပ်ကာ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မိုးစပါးရိတ်သိမ်းရာတွင် လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးစပါး ရိတ်သိမ်းပြီးပါက ဒုတိယသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများအား အထွက်ကောင်းပြီး ပန်းတိုင် အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ လုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဒုတိယသီးနှံ စပါးစိုက်ပျိုးမည့် နေရာများတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက သေချာကွင်းဆင်း၍ စိုက်နည်းစနစ်များ သရုပ်ပြပေးရန်၊ အသိပညာပေးရန်လိုအပ်ပြီး …

Read More »