Daily Archives: September 28, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်

ပဲခူး စက်တင်ဘာ ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၈) ရက်နေ့ နံနက်ပိုင်းက  ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့  ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါးကောင်ရေ (၁)သိန်း၊ ငါးခုံးမငါးကောင်ရေ(၃)သောင်း၊ ငါးဖယ်အောင်းငါးကောင်ရေ(၇)သောင်း စုစုပေါင်းငါးကောင်ရေ (၂)သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးမဲ့တောများသည် သက်ရှိများ၏ အစာကွင်းဆက် များ ပျက်စီးမှုမရှိစေရေးနှင့် ရေဝေရေလဲဒေသများ ကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုးယွန်းကြီးအင်း …

Read More »