Daily Archives: September 8, 2023

၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၈ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား/ ကျောင်းသူလေးများ က “ကျောင်းမှန်မှန်တက် စာမခက်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိပြီး စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပိုမိုတည်တံ့ ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် လူတိုင်းစာတတ်မြောက်ရေးသည် အလွန်အရေးကြီးပြီး နိုင်ငံတစ်ခုအတွက် အဓိကရေသောက်မြစ် တစ်ခုဖြစ်ကြောင်း၊ …

Read More »