Daily Archives: September 5, 2023

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်း ယခင်(၁)သီးသာ စိုက်ပျိုးခဲ့သည့် သဲဆန်လယ်မြေများအား တစ်နှစ်(၂)သီးမှ (၃)သီးအထိ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါး စိုက်ပျိုးရေးအတွက် လိုအပ်သည့် ချောင်းဖြူချောင်းအား တမံပိတ်နိုင်ရေး၊ ရေပေးမြောင်း ပြန်လည်တူးဖော် ခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ …

Read More »