ပဲခူး ဧပြီ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဧပြီလ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာ အုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၅၀)စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် နွေစပါး(၂)သီး ရရှိစိုက်ပျိုးနိုင်ရန် ကြိုတင်ပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး စံပြကွက်များဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိ စနစ်တကျ သုံးစွဲနိုင်ရေး ဖွဲ့စည်း ပေးထားသည့် Water User Group များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန်၊ ရေသွင်း/ရေထုတ် မှန်ကန် မှသာ ပင်ပွားနှုန်းကောင်းပြီး အထွက်နှုန်းတိုးတက်နိုင်မည်ဖြစ်၍ အသိပညာပေးရန်နှင့် မြေလပ်မရှိစိုက်ပျိုးနိုင် …
Read More »