Home / 2024 / April / 30

Daily Archives: April 30, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့၌ မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၃၀           ပဲခူးမြို့၊ အမှတ်(၃၃)လမ်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက MSMEs ဈေးရောင်းပွဲတော် ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။           ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ ဈေးကွက်ရရှိရေး အတွက် တိုင်းဒေသကြီးအတွင်း ဈေးရောင်းပွဲတော်(၇)ကြိမ်၊နေပြည်တော်တွင် (၂)ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး တွင်(၁)ကြိမ်၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Style …

Read More »