ပဲခူး ဧပြီ ၁၈ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံဟောင်း လမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင်မဏ္ဍပ်၌ စတုတ္ထအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောက်တိုက်မှ ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ဆရာတော်မှ “ပညာရှိတို့ဆုံးမစကား” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယက ဒေါက်တာဘဒ္ဒန္တသူရိယ (သာသနာဓမဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်မှလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၊ ဘဒ္ဒန္တဇနိတ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website