နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုအဆင့် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု ပဲခူးတိုင်းဒေသကြီး ဒုတိယဆုရရှိ

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ======================== ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံး လှုပ်ရှားပါဝင်ခဲ့သည့် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားကာ ဆုများချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကယားပြည်နယ်၊ စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ======================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၁၉.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊  ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၄)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်းကျွန်း (၃၅.၂၁၈၃ တန်)၊ သစ်မာ (၄၆.၁၉၆၆ တန်)၊ အခြားသား (၂.၉၅၂၈ တန်)၊ မီးသွေး (၂၆.၄၈၄၈ တန်)နှင့် ဆက်စပ်ပစ္စည်းများအဖြစ် တရားခံ (၂) ဦး၊ ဆိုင်ကယ် (၉) စီးနှင့် ကား (၁) စီးအား ဖမ်းဆီးရမိခဲ့ပါသည်။             အဆိုပါတရားမဝင်သစ်နှင့် …

Read More »

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၆  (ပဲခူး) ================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ Renaissance Instituteနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေတို့က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းစာစောင် (Citizen Budget)ကို ထုတ်ဝေခြင်းနှင့် ၎င်း၏အရေးပါသည့် အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ Renaissance Institute နှင့် The Asia Foundation တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း စာစောင်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ================           ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ်ထုဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါလှသော လူငယ်ရေးရာမူဝါဒအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီးဖြစ်သလို ယခုအခါ ပဲခူးတိုင်းဒေသကြီးတွင်လည်း ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ (၃၅.၅၈%)သည် အသက် (၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များသည် နိုင်ငံ အတွက် တန်ဖိုးမဖြတ်နိုင်သော လူစွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး၊  မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေး စသည့် လူငယ်ထုနှင့် နိုင်ငံတော်အတွက် အလွန်အကျိုးဖြစ်ထွန်းစေသော လုပ်ငန်းစဉ်များအား ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်းနှင့် လူငယ်ရေးရာမူဝါဒနှင့်အတူ ဖြစ်ပေါ်လာမည့် လူငယ်ကိုယ်စားလှယ်များ …

Read More »

ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

FI

ဖေဖော်ဝါရီ ၂၄ (ပဲခူး) ======================================           လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ သွားရောက်ထောက်ပံ့နိုင်ရေး လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်းကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်ရေ တိုက်စားမှု ကြောင့် ကမ်းပါးပြိုကျခဲ့သည့် ကျေးရွာများအတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ပေးအပ် ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်မှ စာရင်းကောက်ယူထားသည့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (၄၄၄)ဦး၊ …

Read More »