ပဲခူး ဇန်နဝါရီ ၂၉ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ)အကြိမ်ဆေးပဋ္ဌာန်း ရွတ်ဖတ် ပူဇော်လှူဒါန်းခြင်း အောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဓမ္မဝတ်ရည်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ် သည်။ အခမ်းအနားသို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေမော်ဓောစေတီ တော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ကြီး၏ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
ပြည် ဩဂုတ် ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် ဩဂုတ် ၂၁ ပြည်မြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက MSME လုပ်ငန်းများဖ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ပြည် ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၉ ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ…
ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ အာဟာရဖွံ့ဖြိုး…
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ဂုဏ်ပြုကြိုဆို
ပဲခူး ဩဂုတ် ၁၇ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆော…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဆပ်ကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ် ကာ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများအား ထိရောက်စွာဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ယာဉ်တိုက်မှုကြောင့် အသက်နှင့်လူမှုစီးပွားဘဝများပျက်စီးဆုံးရှုံးခြင်းသည် တန်ဖိုးဖြတ်၍မရသည့် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ (၂၀၁၂-၂၀၂၃) လုပ်ငန်းစီမံချက်ပါ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယာဉ်တိုက်မှု များ လျော့နည်းလာစေရေးအတွက် အမြန်လမ်းမကြီး၊ အဝေးပြးလမ်းမကြီးများနှင့် မြို့တွင်းလမ်းများကို အဆင့်မြှင့်တင်ခြင်း၊ လမ်းလယ်ကျွန်း(ပန်းခုံနှင့်စတီတန်း)များ ပြုလုပ်ပေးခြင်း၊ လမ်းဘေးတစ်လျှောက် …
Read More »ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ပဲခူး ဇန်နဝါရီ ၂၇ ============= ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြပြီး အမျိုးသားပွဲစဉ်အဖြစ် သမိုင်းအထူးပြုဘာသာရပ်အသင်းနှင့် ဘူမိဗေဒအထူးပြုဘာသာရပ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဥပဒေချုပ်က ဒိုင်လူကြီး များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် ပထမ၊ ဒုတိယဆုရရှိခဲ့ကြသည့် အားကစားသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်ခြေနီရှေးဦးပြုစုခြင်း …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး ဇန်နဝါရီ ၂၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) မြို့နယ်တွင် တန်ခိုးကြီးဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆေးသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းများအား ဇန်နဝါရီလ(၂၅)ရက်နေ့မှစတင်၍ စုပေါင်းဆောင်ရွက်လျက်ရှိပြီး စတုဒီသာကျွေးမွေး ခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်း ဒေသကြီးအတွင်း အေးချမ်းတည်ငြိမ်မှု၊ အလုပ်ရှင်/အလုပ်သမားပြဿနာ ကင်းရှင်းခြင်းတို့ကြောင့် နိုင်ငံခြား သား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်
ပဲခူး ဇန်နဝါရီ ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးဆောင်ရွက်နေနှင့် ဆေးသင်္ကန်းကပ်လှူပူဇော်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်အတွင်း ဉာဏ်တော်(၁၈၀)ပေရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ခဲ့ပြီး စေတီတော်အား ဆေးသင်္ကန်းကပ်လှူနေမှုနှင့် စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း၍ စေတီတော်အား သန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ဓမ္မာရုံ၌ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ မဟာနာယကဆရာတော်ကြီးဖြစ်သည့် အသောကဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန်တော့ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website