နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ပဲခူးမြို့တွင် “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ပထမအကြိမ် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု ဆောင်ရွက်

FI

နိုဝင်ဘာ ၁၈ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် MPT မှ အဓိကပံ့ပိုးကူညီပြုလုပ်သော “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ပထမအကြိမ် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို နိုဝင်ဘာလ (၁၈) ရက်နေ့၊ နံနက်(၆)နာရီအချိန်က ပဲခူးမြို့ နေရာအနှံအပြားတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့က ကျေးဇူးတင် နှုတ်ခွန်းဆက်စကားပြောကြားပြီး MPT မှ တာဝန်ရှိသူတစ်ဦးက “သန့်ရှင်းခေတ်မီရှေ့သို့ချီ” စုပေါင်းသန်းရှင်းရေး လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်တို့နှင့်အတူ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ ပဲခူးမြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ပြည်သူများစုပေါင်းပြီး ရွှေမောဓော ဘုရားယာဉ်ရပ်နားဝင်းမှ စတင်၍ ဘုရားပတ်ဝန်းကျင်၊ ဘုရားလမ်း၊ ရှင်စောပုလမ်း၊ …

Read More »

ပြည်သူလူထုတစ်ရပ်လုံး အားကစားလှုပ်ရှားမှု ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၈ (ပဲခူး) =================================== နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှူး ရုံးရှေ့မှစတင်၍ ၂၀၁၇ခုနှစ် ပဲခူးတိုင်းဒေသကြီး လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သည်။ လွှတ်တော်ဥက္ကဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများနှင့် ဒေသခံပြည်သူစုစုပေါင်းအင်အား (၂၂၀၀၀)ကျော်တို့သည် ရွှေမော်ဓောဘုရားလမ်းမှစတင်ပြီး သနပ်ပင်လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့ကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် သွေးပူလေ့ကျင့်ခန်းအတွဲ (၁/၂)တို့အား စုပေါင်းပြုလုပ်ကြသည်။ ပဲခူးတိုင်းဒေသကြီး လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲအား ယခင်နှစ်များက ဒီဇင်ဘာလတွင်သာ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်သူတစ်ရပ်လုံးအား လှုပ်ရှားမှုပိုမိုဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလတွင်(၂)ကြိမ်၊ ဒီဇင်ဘာလတွင်(၅)ကြိမ် စုစုပေါင်း(၇)ကြိမ် အပါတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည့်အပြင် မိုးလုံလေလုံ အားကစားခန်းမတွင်လည်း အားကစားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း မောင်းတောမြို့နယ်အတွင်း ဒေသခံပြည်သူများအတွက် နေအိမ်များတည်ဆောက်ရန် ပန္နတင်မင်္ဂလာအခမ်းအနား တက်ရောက်

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ===============================          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ BRCCA ဥက္ကဋ္ဌနှင့်အတူ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီအထောက် အပံ့ပေးရေး၊ ဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာလ(၁၇)ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်သို့ သွားရောက်ခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများ လိုက်ပါလျက် မောင်တောတောင်ပိုင်း မောင်တောတောင်ပိုင်း ကိုင်းကြီး(မြို)ရွာသို့ ရောက်ရှိပြီး မြိုတိုင်းရင်းသားများအတွက် အိမ်ယာအသစ် ဆောက်လုပ် ပေးရန် တွေ့ဆုံမိတ်ဆက်ကာ ညနေ(၀၄:၃၆)နာရီအချိန်တွင် ပန္နတင်မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် အလယ်သံကျော်သို့ဆက်လက်ထွက်ခွာခဲ့ပြီးညနေ(၀၅:၁၅)နာရီအချိန်တွင်မောင်တောတောင်ပိုင်း အလယ်သံကျော်ကမ်းခြေသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။         …

Read More »

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်ထုတ်ပေးခြင်း

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ===============================           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးသစ်တောစခန်း၌ (၁၄.၁၁.၂၀၁၇)ရက် နေ့တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံက အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်လက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရွှေတောင်၊ ငွေတောင်၊ ခပေါင်းနှင့် ဘော်ဒါကျေးရွာများမှ ဒေသခံပြည်သူများ၊ ပဲခူးတိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ၊ RECOFTC မှ ဌာနေ အစီအစဉ် ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း(စိုက်ခင်း ၇၆၈.၅ ဧက၊ သဘာဝတောထိန်း ၈၈၃ ဧက)အတွက် တည်ထောင် ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ခိုးထုတ်မှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ သစ်တောဦးစီးဌာနမှ ၁၅.၁၁.၂၀၁၇ ရက်နေ့ မှ ၁၇.၁၁.၂၀၁၇ ရက်နေ့အတွင်း တရားမဝင် သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ကျောက်ကြီး မြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု(၆)မှု တွေ့ရှိခဲ့ပြီး စုစုပေါင်း ကျွန်း (၂၁.၇၈၁၉ တန်)၊ သစ်မာ (၃၅.၂၂၇၄ တန်)၊ မီးသွေး (၇၀.၅၃ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် တရုတ်အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၂)ခု၊ ရှပ်တန်း (၁)ချောင်းတို့အား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »