နောက်ဆုံးရသတင်းများ

ပဲခူးတိုင်း‌ဒေသကြီးအဆင့်(တတိယ)အကြိမ် ထူးချွန်ဆရာဆုရ ဆရာ/ဆရာမများအား ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်

Fi

ဒီဇင်ဘာ ၁၂ (ပဲခူး) ==============================     ဒီဇင်ဘာလ(၁၂)ရက်‌နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၃)အ‌ခြေခံပညာအထက်တန်း‌ကျောင်း၊ ဝိုင်အမ်ဘီ‌ဘေခန်းမ၌‌ တော်ဝင်ဖွံ့ဖြိုးမှု‌ဖောင်‌ဒေးရှင်းမှ ချီးမြှင့်သည့် ၂၀၁၆ခုနှစ်၊ ပဲခူးတိုင်း‌ဒေသကြီးအဆင့်(တတိယ)အကြိမ် ထူးချွန်ဆရာဆု ဆရာ/ဆရာမများ အား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ‌ရှေးဦးစွာ ပဲခူးမြို့၊ အ‌ခြေခံပညာ‌ကျောင်းများမှ ဆရာဆရာမများက “ယ‌နေ့‌ခေတ်တို့ဆရာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ တတိယအကြိမ် ထူးချွန်ဆရာဆုချီးမြှင့်‌ရေး ဗဟိုဦးစီး‌ကော်မတီဥက္ကဌ‌ ဒေါက်တာသန်းဦးနှင့် ပဲခူးတိုင်း‌ဒေသကြီးစည်ပင်သာယာ‌ရေးနှင့်လူမှု‌ရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဦး‌မောင်‌မောင်လွင်တို့မှ အမှာစကား‌ပြောကြားခဲ့ကြသည်။ ထို့‌နောက် ပဲခူးတိုင်း‌ဒေသကြီးပညာ‌ရေးညွှန်ကြား‌ရေးမှူး ဆရာမကြီး‌ဒေါ်မြင့်မြင့်သန်းက ထူးချွန်ဆရာဆု‌ပေးပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်း‌ပြောကြားပြီး၊ ၂၀၁၆ခုနှစ်၊ ပဲခူးတိုင်း‌ဒေသကြီးအဆင့် အ‌ခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ထူးချွန်ဆရာဆု၊ ပထမ၊ဒုတိယ၊တတိယရရှိသူများအား ဗဟိုဦးစီး‌ကော်မတီဥက္ကဌ နိုင်ငံ‌တော်သမ္မတ၏ ပညာ‌ရေးအကြံ‌ပေးအဖွဲ့ဝင်‌ ဒေါက်တာသန်းဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး‌ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်း‌နောက် အ‌ခြေခံပညာ‌ကျောင်းများမှ ဆရာ/ဆရာမများက“မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ …

Read More »

နန်းဦးစာကြည့်တိုက်ဖွင့်ပွဲကျင်းပပြုလုပ်

15355634_153715835108165_1765143988162237471_n

ဒီဇင်ဘာ ၁၁ (ပဲခူး) ======================   ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ နန်းဦးလမ်း၌ ဒီဇင်ဘာလ(၁၁)ရက်‌နေ့၊ နံနက်(၉)နာရီအချိန်က အများပြည်သူ လှူဒါန်း‌ငွေဖြင့် နန်းဦးစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ ‌ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးသယံဇာတသစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦး‌ကျော်မင်းစံ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ဦးလှမိုး၊ စာကြည့်တိုက်‌ကော်မတီ၊ ဥက္ကဌ ဦးဝင်းနိုင်တို့က စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးကြသည်။ ထို့‌နောက် ဝန်ကြီးမှအဖွင့်အမှာစကား‌ပြောကြားပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ပဲခူးခရိုင်ဦးစီးမှူး ဒေါ်လှလှ‌ဌေးက စာကြည့်တိုက်‌ရေရှည်တည်တံ့‌ရေးနှင့်ပတ်သက်၍လည်း‌ကောင်း၊ စာကြည့်တိုက်‌ကော်မတီ၊ ဥက္ကဌက စာကြည့်တိုက်ဖြစ်‌ပေါ်လာပုံနှင့် ပတ်သက်၍လည်း‌ကောင်း‌ ပြောကြားခဲ့ကြသည်။ ယင်း‌နောက် ဝန်ကြီးနှင့် ခရိုင်ဦးစီးမှူးတို့က နန်းဦးစာကြည့်တိုက်အတွက် သုတရသစာအုပ်စာ‌စောင်များနှင့် မဂ္ဂဇင်းဂျာနယ်များအား စာကြည့်တိုက်‌ကော်မတီ ဥက္ကဌထံ‌ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ စာကြည့်တိုက်သည် အလျား(၃၀)‌ပေ၊ အနံ(၂၀)‌ပေ၊ အမြင့်(၁၄)‌ပေ၊ တစ်ထပ်အုပ်ညှပ်အ‌ဆောက်အဦဖြစ်ပြီး၊ အများပြည်သူ စု‌ပေါင်းလှူဒါန်းထည့်ဝင်‌ငွေကျပ်(၆၃)သိန်းဖြင့် အကုန်ကျခံ‌ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Read More »

ပဲခူးတက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) ========================      ဒီဇင်ဘာလ(၁၁)ရက်‌နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတက္ကသိုလ်ဝင်းအတွင်း၌ တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ‌ရှေးဦးစွာ ပဲခူးမြို့၊ ဆယ်မိုင်းကုန်း၊ ဓမ္မဒူတ‌တောရသာသနာ့ရိပ်သာနှင့် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်တို့၏ ပဓာနနာယကဆရာ‌တော်‌ ဒေါက်တာ အရှင်ပညိဿရာဘိဝံသ၊ ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပညာ‌ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်‌ ဒေါက်တာစိုးဝင်းနှင့် ပဲခူးတက္ကသိုလ်တာဝန်ခံ ပါ‌မောက္ခချုပ်‌ဒေါက်တာမင်း‌အောင်တို့က တက္ကသိုလ်ဓမ္မာရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့ကြသည်။ ထို့‌နောက် ဆယ်မိုင်ကုန်းဆရာ‌တော်မှ ပဲခူးတက္ကသိုလ်ဓမ္မာရုံကြီး‌ဆောက်လုပ်လှူဒါန်းသည့် တည်‌ဆောက်မှုမှတ်တမ်းအ‌ထောက်အထား တို့အား ပညာ‌ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ထံသို့ လွှဲ‌ပြောင်း‌ပေးအပ်ပြီး ပဲခူးတက္ကသိုလ်တာဝန်ခံပါ‌မောက္ခချုပ်က ဆရာ‌တော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့သည်။ ယင်း‌နောက် ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကား‌ပြောကြားကာ တာဝန်ခံပါ‌မောက္ခချုပ်မှ‌ ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခဲ့သည်။ ဆက်လက်၍ တက္ကသိုလ်ဓမ္မာရုံကြီးအတွင်း၌‌ ရေစက်ချအခမ်းအနားကျင်းပပြုလုပ်ရာ ဆရာ‌တော်ထံမှ ဝန်ကြီးချုပ်အမှူးပြု‌သော ဧည့်ပရိတ်များက ငါးပါးသီလခံယူ‌ဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဓမ္မာရုံကြီးသည် …

Read More »

ဒသမအကြိမ် ပဲခူးတိုင်းဒေသကြီး ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဒီဇင်ဘာ ၁၀ (ပဲခူး) =========================== ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်က  ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၊ ကမ္ဘောဇသာဒီခန်းမ ကျင်းပပြုလုပ်သော ဒသမအကြိမ် ပဲခူးတိုင်းဒေသကြီး ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က “မြန်မာနိုင်ငံဆရာအသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်(၈)ချက်နှင့်အညီ ဆောင်ရွက်ပြီး၊ ယခုလို ညီလာခံ ကျင်းပခြင်းအားဖြင့် ဆေးလောက၏ ဂုဏ်သိက္ခာ၊ ဆရာဝန်များ၏ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းတည့်မတ်ပေးနိုင်မည် ဖြစ်ပြီး၊ ဒေသအတွင်းရှိ ဆရာဝန်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတိုးပွားလာစေကာ ဆရာဝန် အသင်း၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းပြီး ဆေးပညာညီလာခံများအား နှစ်စဉ်မပျက် ကျင်းပနိုင်ရန်”ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)၊ ဥက္ကဋ္ဌ ပါမောက္ခဦးအေးမြက အဖွင့်အမှာစကား ပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး ဆရာဝန်ညီလာခံကျင်းပရေးဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာရဲမြင့်အောင်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် …

Read More »

ဘောလုံး၊ရိုးရာခြင်း၊ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

FI

ဒီဇင်ဘာ ၉ (ပဲခူး) ========================= ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၊ ညနေ(၃)အချိန်က ၂၀၁၆ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Township Sports Development Programme) အရ ကြို့ပင်ကောက်မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံ ဘောလုံး၊ ရိုးရာခြင်း၊ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနား၌ ဝန်ကြီးချုပ်က အားကစားသမားများအနေဖြင့်  ယခုလိုကျေးရွာအုပ်စုအဆင့်မှ  နိုင်ငံလက်ရွေးစင်သမားများ အဆင့်ထိရောက်ရှိအောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားယှဉ်ပြိုင်ရာတွင် အနိုင်ယူချင်စိတ်ထက် အားကစားသမားကောင်းစိတ် ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ဒါမှသာ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် နိုင်ငံ အတွက် အားကိုးရသည့် အားကစားသမားများလည်း ထွက်ရှိခဲ့သည့် အစဉ်အလာကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒီဂုဏ်ကိုလည်း ယခု မျိုးဆက်သစ်များမှ ဆက်လက်ထိန်းသိမ်းထားစေလိုကြောင်း၊ အားကစားသမားများဟာ မိမိတို့ရပ်ရွာ/မြို့နယ်/တိုင်းဒေသကြီး ကိုယ်စားပြုမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်စေရန်နှင့် …

Read More »