နောက်ဆုံးရသတင်းများ

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(၂/၂၀၁၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

0-02-07-e55a1e02480bfd0deed1bdfb768b4c8976827b98c0a52826269041a83f695f59_full

စက်တင်ဘာ ၂၆          ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၃)၌ ကျင်းပ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(၂/၂၀၁၆)ကြိမ်မြောက် အစည်း အဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်မှ တက်ရောက်ခဲ့သည်။    အဆိုပါအစည်းအဝေး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ရေကြီး နစ်မြှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ထောက်ပံ့ပေးမှုအခြေအနေနှင့် ဆက်လက်လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ Korea Industrial Complex Co., Ltd (KIC) မှ လာရောက်တွေ့ဆုံ

IMG_3248

စက်တင်ဘာလ  ၂၄ ရက်     ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ကိုရီးယားနိုင်ငံအခြေစိုက်၊ Korea Industrial Complex Co., Ltd (KIC) မှ လာရောက် တွေ့ဆုံခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ Korea Industrial Complex Co., Ltd (KIC) မှ Representative Director & CEO, Mr. Baeho CHO ဦးဆောင်သော ကိုယ်စားလှယ်(၆)ဦးတို့ တက်ရောက်ခဲ့ …

Read More »

နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိုးကောင်းကျေးရွာရှိ ဘက်စုံပေါင်းစည်းလယ်ယာ စံပြစိုက်ခင်းကြည့်ရှု

0-02-07-7a8983f73da143322dc65dee318f06c91eb4ae4cf5e65f59fdf2c4d385ddea5c_full

စက်တင်ဘာလ  ၂၃ ရက်         ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)အချိန်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တောင်ငူမြို့နယ်၊ မိုးကောင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၈)ရှိ တောင်သူဦးသန်းမြင့် (ကေတုမတီတောင်သူအကျိုးပြု စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်)၏ ဘက်စုံပေါင်းစည်း လယ်ယာ စိုက်ပျိုး/မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု ခဲ့သည်။   အဆိုပါအခမ်းအနား၌ ဘက်စုံပေါင်းစည်လယ်ယာမြေဧရိယာ(၂၅၀)ဧက ပိုင်ဆိုင်သော စိုက်ပျိုးထုတ်လုပ်မှုထူးချွန် တောင်သူ လယ်သမားဆုရ ဦးသန်းမြင့်မှ စိုက်ပျိုး/မွေးမြူထားရှိမှု အခြေအနေနှင့် သမဝါယမအသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးလွင်မှ အသင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ရှင်းလင်းတင်ပြခဲ့ပါသည်။         ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ  စိုက်ပျိုးရေးဆိုင်ရာကိစ္စ ရပ်များကိုလည်းကောင်း၊စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်မှ တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာများ …

Read More »

၂၀၁၆-၂၀၁၇ ခုနှစ် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံ

IMG_3242

စက်တင်ဘာလ  ၂၂(ပဲခူး)     ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်က ပဲခူးမြို့၊ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ၌ ကျင်းပပြုလုပ်သော ၂၀၁၆-၂၀၁၇ ခုနှစ် တင်ဒါအောင်ကုမ္ပဏီများအား လုပ်ငန်းဆိုင်ရာကိစ္စများနှင့်နည်းပညာဆိုင်ရာအချက်အလက်များ ရှင်းလင်း ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်မှ တက်ရောက်ခဲ့ပါ သည်။ အဆိုပါအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်က တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများ အား သတ်မှတ်သည့်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် စေတနာ ထား ဆောင်ရွက်သွားရန်နှင့် မိမိတို့အစိုးရသည် ပြည်သူကိုဗဟိုပြုသည့် အစိုးရဖြစ်၍ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါကြောင့် ကုမ္ပဏီများ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းစီအပေါ် တာဝန်ယူမှု တာဝန်ခံမှုတို့လည်း ရှိစေချင်ကြောင်း …

Read More »

မြစိမ်းရောင်(ငါးကဏ္ဍဖွံ့ဖြိုးရေး)ကျေးရွာ အထောက်အကူပြုသင်တန်းဆင်းပွဲကျင်းပ

IMG_3234

စက်တင်ဘာလ ၂၁ ရက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ(၁၅:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မြစိမ်းရောင်(ငါးကဏ္ဍဖွံ့ဖြိုးရေး)ကျေးရွာ စီမံကိန်းကော်မတီများ အထောက်အကူပြုသင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနား၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးမှ ယခုလိုသင်တန်းဖွင့်လှစ်ရခြင်း မှာ ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုနှုန်းအား လျှော့ချနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းလာစေရန် ရည်ရွယ်ခြင်းကြောင်း၊ နိုင်ငံဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အဓိကကျတဲ့ ကျေးလက်နေပြည်သူများဘဝ တိုးတက်ပြောင်းလဲလာမှသာ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ယခု သင်တန်းတက်ရောက်ပြီးသည့် ကော်မတီများအနေနဲ့ မြစိမ်းရောင်(ငါးကဏ္ဍဖွံ့ဖြိုးရေး)စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲသား မိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိလာခြင်း၊ တစ်ပိုင်တစ်နိုင်  မိသားစုစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျေးရွာကုန်ထုတ် …

Read More »