ပဲခူး ဒီဇင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီ မြို့ရိုး၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်းဆောင်ရွက် ထားရှိမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့် တောင်ငူ တံခါးပေါက် ပြန်လည်ဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးအုတ်စီအုပ်သားများ ပျက်စီးမှု မရှိစေရေး စနစ်တကျဖော်ထုတ်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအား ပစ္စည်းအမျိုးအစား …
Read More »၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၈ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး
ပဲခူး ဇူလိုင် ၆ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး ဇူလိုင် ၅ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစ…
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၄ ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)…
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည် ဆောက်လျက်ရှိသော ကဝမြို့နယ်၊ ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်လမ်း၊ မိုင်တိုင်(၁၉/၂)-(၁၉/၃)ကြားရှိ တံတားအမှတ်(၁/၂၀) ရစ်ဝတံတား အရှည်(၁၀၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားကမ်းကပ်ခုံများ ရေတိုက်စားမှုမရှိစေရေး ကမ်းထိန်း နံရံများ စနစ်တကျဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၌ တစ်ကွင်း တစ်ဆက်တည်း အကွက်ကျယ် နွေစပါးဧက(၃၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း …
Read More »ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အရေးကြီးသည့်အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့်အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲ ဖန်တီးယူနိုင်မှသာ ဒေသတွင်း MSME လုပ်ငန်းများ အောင်မြင်မှုကို အရောက်လှမ်းနိုင်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ရရှိလာသည့် အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို မိမိတို့၏ တီထွင်ဖန်တီးမှု နှင့် ပေါင်းစပ်အသုံးချပြီး ဈေးကွက်ဝင်ပစ္စည်းများ ထုတ်လုပ်၍ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား အခြေခံ၍ ပြည်ပ တင်ပို့နိုင်သည့် အမယ်သစ်ထုတ်ကုန်အား အရည်သွေးကောင်းပြီး …
Read More »သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သဲကုန်း ဒီဇင်ဘာ ၁၉ သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »