နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၉ (ပဲခူး) ================================== ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း အားကစားကွင်း၌ ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများသည် ညီအစ်ကို မောင်နှမများဖြစ်သောကြောင့် တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက ခွင့်လွှတ်ပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြိုင်ပွဲများ အောင်မြင်ချောမွေ့စွာ ကျင်းပပြီးမြောက်နိုင်ရေးအတွက် အနိုင်အရှုံး ပဓာနမထားပဲ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဟူသည့် အတိုင်း စိတ်ဓာတ်အပြည့်နှင့် ယှဉ်ပြိုင်သွားကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်များမှ အားစကားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ မူလတန်းအဆင့်(မ) မီတာ(၅၀)အပြေးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ တွင် …

Read More »

ပဲခူးမြို့အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၈)ရက်နေ့၊ ညနေ(၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပဲခူးမြို့အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ လ.လက(၇) စာသင်ကျောင်း ဘောလုံးကွင်းမြေနေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး မြေပြင်အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ကျိုက်ပွန်ဘုရားသို့ ရောက်ရှိခဲ့ပြီး ဘုရားဝန်းကျင်နှင့် ဘုရားပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျိုက်ပွန်ဘုရားလမ်းအား ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ပြန်လည် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။          ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့ရှောင်လမ်းသို့ ရောက်ရှိခဲ့ပြီး မြို့ရှောင်လမ်းမှ ကျောက်တွင်းကုန်းလမ်းဆုံအထိ ဆက်သွယ်ဖောက်လုပ်မည့် လမ်းမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) ===========================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၂.၁၂.၂၀၁၇ ရက်နေ့ မှ ၂၇.၁၂.၂၀၁၇ ရက် နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပြည်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၃)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၁၃.၀၉၆၂ တန်)၊ သစ်မာ (၂၅.၅၁၁၂ တန်)၊ အခြားသား (၁၆.၇၇၁၆ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် အင်ဂျင် (၁) လုံး၊ ဆိုင်ကယ် (၂) စီး၊ ကား (၂) စီးနှင့် တရားခံ (၁၀) ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။ …

Read More »

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းထားခဲ့ပြီးဖြစ်၍ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ အခက်အခဲများနှင့် အကြံပြုတင်ပြချက်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးက အလံတင်အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားတွင် မွန်ရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် ကရင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့မှ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။          ထို့နောက် ဘဏ္ဍာရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ဧည့်ခံရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ အလံတင်အခမ်းအနားနှင့် အလေးပြုရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ၊ လျှပ်စစ်မီးလင်းရေးနှင့် မီးအလှဆင်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ …

Read More »

သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ကညောထူးဒိုစိုးကုမ္ပဏီလီမိတက်မှ ဒေါက်တာသီဟစိုးနှင့် ဦးနိုင်ညီဝင်းတို့မှ ရွှေကျင် မြို့နယ်အတွင်း ရွှေသတ္တုတူးဖော်နိုင်ရေး လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ ဒေါက်တာသီဟစိုးက ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စု၊ အရှေ့မြောက်ဘက် (၁၆)ကီလိုမီတာအကွာ ခူလာတောင်ပတ်ဝန်းကျင်ရှိ ဘုရားဒကာလုပ်ကွက် မြေဧရိယာ(၂၀)ဧကတွင် ရွှေသတ္တုတူးဖော်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မြေပြင်တွင် (၄)ပေ ပတ်လည် ကျင်း(၂)ကျင်း တူးဖော်ပြီး မြေအောက်လှိုင်ခေါင်းစနစ်ဖြင့် တူးဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ကျွန်းပင်များ ပြန်လည်စိုက်ပျိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ကွက်၏ (၂)ကီလိုမီတာပတ်လည်အတွင်း ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ရှေးဟောင်း ယဉ်ကျေးမှု အဆော်အဦများမရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် …

Read More »