နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

နေပြည်တော်၌ ကျင်းပပြုလုပ်သော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ (၂/၂ဝ၁၇) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

သြဂုတ် ၂၉ (နေပြည်တော်) ================================================ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ (၂/၂ဝ၁၇) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူနှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချိုနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း ၍ ၂ဝ၁၇ခုနှစ် …

Read More »

လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၂၉ (ပဲခူး) ==================================== သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အသက်(၉၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် အဖွင့်အမှာစကား ပြောကြားရာတွင် “အသက်(၉၀)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ရာတွင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ဘိုး/ဘွားများ လက်ဝယ်ရောက်ရှိအောင် သေချာစွာဆောင်ရွက်ပေးရန်၊ ကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများ၊ မရှင်းလင်းသည်များရှိပါက ဌာနဆိုင်ရာ အချင်းချင်း ညှိနှိုင်းပူးပေါင်းဖြေရှင်းကြရန်၊ ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်မှာဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။ ထို့နောက် လူမှုရေးပင်စင်ဆိုင်ရာ အကြောင်းအရာများ၊ သင်တန်းခေါ်ယူရခြင်း၏ ရည်ရွယ်ချက်၊ လူမှုရေးပင်စင် ပေးအပ်ရာတွင် …

Read More »

မော်တော်ယာဉ်အချက်ပြ Bill Board စိုက်ထူပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၉ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရန်ကုန်မှ ပဲခူးမြို့အဝင် Toll Gate အနီး၌ မော်တော်ယာဉ်အချက်ပြ မီးမှန်ကန်စွာအချက်ပြနိုင်ရန် “အမှားကြာလျှင်အမှန်ထင်အမြန်ပြင်စေချင်” Bill Board စိုက်ထူပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက Bill Boardအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကာ တက်ရောက်လာသူများနှင့် မော်တော်ယာဉ် မောင်းနှင်သွားလာသူ များအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ အဆိုပါBill Boardတွင် ‘နောက်မှယာဉ်ကို ကျော်တက်နိုင်ကြောင်း မိမိယာဉ်၏ လက်ယာမီးဖြင့် အချက်ပြရမည်”။ “နောက်မှ ယာဉ်ကိုကျော်တက်နိုင်ကြောင်း မိမိယာဉ်၏ လက်ဝဲဘက်မီးဖြင့် အချက်မပြရ” စသည်တို့ရေးသားထားရှိပြီး အဆိုပါအချက်ပြ စနစ်သည် နိုင်ငံတကာတွင် ကျင့်သုံးနေသောစနစ်ဖြင့်ပြီး မြန်မာနိုင်ငံတွင် မြို့တွင်းလမ်း/ မြို့ပြင်လမ်း/ အဝေးပြေးလမ်း/ …

Read More »

ကျောင်းကျန်းမာရေးစံပြဆုရ အခြေခံပညာကျောင်းများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၈ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ပညာသင်နှစ် ကျောင်းကျန်းမာရေးစံပြဆုရ အခြေခံပညာကျောင်းများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အမှာစကားပြောကြားရာတွင် “အမျိုးသားကျန်းမာရေးအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း နိုင်ငံတော်အတွက်အ ရေးပါလှသော အင်အားစုတစ်ရပ်ဖြစ်သည့် နိုင်ငံ့ရတနာ ကျောင်းသားလူငယ်များအတွက် ဆောင်ရွက်နေသည့် ကျောင်းကျန်းမာရေးလုပ်ငန်းသည် အလွန်အရေးပါလှသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို ငယ်စဉ်ကတည်းက ထိရောက်သည့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုနှင့် မူမှန်သည့် ကျန်းမာရေး အလေ့အကျင့်ကောင်းများ အခြေချပေးနိုင်မှသာ တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စိတ်အေးရမှာဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းက ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားဆောင်ရွက်မှု အခြေအနေအား …

Read More »