နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ Mr. Joseph White ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

IMG_4291

နိုဝင်ဘာလ  ၂ (ပဲခူး) ————————-           (၂.၁၁.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ ကိုရီးယားနိုင်ငံ၊ Greenmotors Myanmar Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာ Mr. Joseph White ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Greenmotors Myanmar Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာ Mr. Joseph White က မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ စက်မှုလယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမဆုံးအနေဖြင့် စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီမှ ထုတ်လုပ်သော အသေးစား၊ အလတ်စား၊ …

Read More »

ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများ​ပေးအပ်ခြင်းအခမ်းအနား

IMG_4199

အောက်တိုဘာလ  ၂၈ (ပဲခူး) ————————-          (၂၈.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ထိုင်းနိုင်ငံဒုက္ခသည် စခန်းရှိ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများအနက် ပဲခူးတိုင်းဒေသကြီးမှ ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးရဲနိုင်ပါဒုက္ခသည်(၄)ဦးတို့ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွင်းမှ အခြားပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အလုပ်လုပ်ကိုင် နေကြသူများလည်းရှိကြောင်း၊ တစ်ချို့ကြတော့ တရားဝင် မဟုတ်တဲ့အတွက် ထိန်းသိမ်းရေးစခန်းများ၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရကြောင်း၊ ဒါကလည်း ရေရှည်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးခြင်းသည်လည်း …

Read More »

လမ်းညွှန်မှုခံယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

IMG_4158

အောက်တိုဘာလ ၂၈ (ပဲခူး) ————————- (၂၈.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား ကြိုဆိုဂုဏ်ပြုသော အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာ ဆရာ/ဆရာမများ၊ သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံဟာ လူမျိုးပေါင်း(၁၀၀)ကျော် ပေါင်းစည်းဖြစ်တည်နေတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်နေတဲ့ ကာလဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသားအားလုံးဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း နှလုံးစိတ်ဝမ်းညီမျှစွာ စိတ်တူကိုယ်မျှ ရှိစေဖို့၊ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှန် …

Read More »

ဝန်ကြီးချုပ်ထံသို့ မြန်မာနိုင်ငံကြက်ခြေနေအသင်းမှ လာရောက်တွေ့ဆုံ

IMG_4076

အောက်တိုဘာ  ၂၇ (ပဲခူး) ————————–           ၂၀၁၆ ခုနှစ်၊ အောက်တိုလာလ ၂၇ ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ကြသည်။               အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူး တို့ တက်ရောက်ခဲ့သည်။                    အခမ်းအနား၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေဘေးသင့်ခဲ့သော မြို့နယ်များအနက် မိုးညိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ပေးအပ်နိုင်ရေးကိစ္စရပ်များ လာရောက်တင်ပြဆွေးနွေးခဲ့သည်။                       ထို့နောက် ဝန်ကြီးချုပ်က မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ ယခုလိုလာရောက်ကူညီ ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နှစ်စဉ် …

Read More »

(၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်အဖွဲ့များအတွက် ဂုဏ်ပြုသော ညစာစားပွဲကျင်းပ

DSC05884

အောက်တိုဘာ ၂၆(ပဲခူး) —————————–      (၂၆.၁၀.၂၀၁၆)ရက်နေ့၊ ညနေ(၁၈:၀၀)အချိန်က ပဲခူးမြို့၊ စိတ္တသုခခန်းမတွင် ၂၀၁၆ ခုနှစ်၊ (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သော ပဲခူးတိုင်းဒေသကြီး ပြိုင်ပွဲဝင်အဖွဲ့အား ဂုဏ်ပြုသော ညစာစားပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ ပြိုင်ပွဲဝင်များနှင့် နည်းပြအုပ်ချုပ်သူများ တက်ရောက်ခဲ့ပြီး      အခမ်းအနားအား ဆုရ ပြိုင်ပွဲဝင်အဖွဲ့မှ “အောင်ပါစေ” သီချင်းဖြင့် စတင်ဖျော်ဖြေခဲ့သည်။           ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးပြိုင်ပွဲဝင် အဖွဲ့ဟာ ဒီနှစ် အောက်တိုဘာလ(၁၈)ရက်မှ (၂၅)ရက်နေ့အထိ နေပြည်တော်(ရေဆင်း)နယ်မြေမှာ ဗဟိုအဆင့် အဆို၊ …

Read More »