ပဲခူးမြို့အတွင်း ဆောင်ရွက်မည့် လမ်းလုပ်ငန်းများအတွက် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–
Read More »Monthly Archives: June 2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီမြို့နှင့် လက်ပံတန်းမြို့တို့ရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
သာယာဝတီ ဇွန် ၁၆ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၆)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က သာယာဝတီမြို့နှင့် လက်ပံတန်းမြို့တို့ရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၊ တည်ဆောက်ရေး(၉)ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သာယာဝတီခရိုင်အတွင်း မြို့နယ်အလိုက် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်နေမှု အခြေအနေနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ COVID-19 ရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ လက်ခံရရှိမှုနှင့် မြို့နယ်များသို့ ပြန်လည်ဖြန့်ဝေပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာသီဟက တိုက်နယ် ဆေးရုံနှင့် ပြည်သူ့ဆေးရုံများတွင် COVID-19 ရောဂါ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၄ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ(၁၄) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခင်နှစ်များစွာက လယ်ယာမြေများအပေါ် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ တရားမဝင် အခြားနည်းအသုံးပြုထားခြင်းများအား စနစ်တကျ စာရင်းဇယားပြုစုထားရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စိုက်ပျိုးဖြစ်ထွန်းမှု မရှိသော ရေကြီးရေနက်ကွင်းများ၌ စနစ်ကျသော မွေးမြူရေးဇုံများဖော်ဆောင်ပေးရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်မြေအား အခြားနည်း အသုံးပြုခွင့် ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ လယ်ယာမြေများအပေါ် စနစ်တကျ စီမံခန့်ခွဲ ပေးနိုင်မှသာ စနစ်ကျသော …
Read More »ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းနှင့်အအေးများ ဆက်ကပ်လှူဒါန်း
ပဲခူး ဇွန် ၁၃ ====================== ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့မှ နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။ ရှေးဦးစွာ ပဲခူးမြို့နယ်မဟာသံဃနာယကအဖွဲ့ ဥက္ကဌ၊ ဥဿာသီရိစာသင်တိုက်၊ တိုက်အုပ် နာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏိတ အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၀ =============== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ (၁၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting(Zoom System) ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ယနေ့အချိန်ထိ COVID-19 ရောဂါပိုးအား ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ကဝမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စုစုပေါင်းလူဦးရေ(၅၈)ဦး တွေ့ရှိခဲ့ပြီဖြစ်ရာ လူတိုင်းလူတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇွန် ၈ =============== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်ရန်လျာထားသည့် စက်မှုဇုန် များအား စက်မှုဇုန်ဥပဒေနှင့်အညီ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တချို့စက်ရုံ/အလုပ်ရုံများသည် စက်မှုစီးပွားဂရန် ရရှိထားခြင်းမရှိသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးလျက်ရှိ၍ စက်မှုမြေများအား စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်ဝင်/ထွက်လမ်း သန့်ရှင်းသာယာလှပစေရေးနှင့် ယခုနှစ်မိုးရာသီတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်သမား ကြို/ပို့ မော်တော်ယာဉ်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုး သားဖောက်ခြင်း သင်တန်းသို့ တက်ရောက်ဖွင့်လှစ်
ပဲခူး ဇွန် ၈ =================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုးသားဖောက်ခြင်းသင်တန်းအား ကောင်စီအဖွဲ့ ဝင်များနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပြည်သူများ အနေဖြင့် စားဝတ်နေရေးအတွက် အဖြစ်မနေ လုပ်ကိုင်ကြရာမှာ GAqP နှင့်အညီ ဘေးကင်းလုံခြုံ သော အစားအစာများ ထုတ်လုပ်နိုင်မှသာ အန္တရာယ်ကင်းပြီး အဟာရပြည့်ဝ ဉာဏ်ရည်ပြည့်မီမှာ ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေချိုငါးများအား ရန်ကုန်စံပြငါးဈေးကွက် သို့ နေ့စဉ် တန်ချိန်(၁၀၀)ကျော်ခန့် ဖြည့်တင်းဆောင်ရွက်ပေးနေရသလို နေ့စဉ်လူတိုင်း ငါးစားသုံးမှု တိုးတက်မြင့်မားလာသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် ဈေးကွက်ခိုင်မာမှုရှိပြီး စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သင်တန်းသားများ အနေဖြင့် သင်ကြားမှုများအား အလေးအနက်ထားသင်ယူ၍ အရည်အသွေးပြည့်မီသော …
Read More »ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံ
ပဲခူး ဇွန် ၆ ======================= ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံပွဲအခမ်းအနားအား ဇွန်လ(၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခြင်း ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် ရထားလမ်း၊ ကားလမ်းဆုံရာ မြို့တစ်ခုဖြစ်ခြင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းရှိခြင်း၊ အဓိကပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်သည့် …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
ပဲခူး ဇွန် ၅ ======================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းများတွင် ပါဝင်မဲပေးခဲ့သဖြင့် ယခုအခါ “ပန်းခင်း စီမံချက်”ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့်တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် အထူးအလေးထား ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့တာဝန်ယူနေသည့် အချိန်ကာလအတွင်း မြို့ပြ ကျေးလက် ဆင်းရဲချမ်းသာကွာဟမှု လျှော့ကျစေရေးနှင့် မြို့ပြ ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အလျင်အမြန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ဧက တိုးတက်ရေးထက် တစ်ဧကအထွက်တိုးတက်ရေးကို အထူးအလေးထား …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ပဲခူး ဇွန် ၂ =============================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြု လုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက် ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့်တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ရာတွင် သွေးစစ်ဆေးခနှင့် ဓါတ်ပုံရိုက်ခများအား တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပေးသွားမည်ဖြစ်၍ စာရင်းဇယားအချက်အလက်များ စာရင်းစစ်ခံယူနိုင်ရေး စနစ်တကျ ပြုစုထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ ရာနှုန်းပြည့် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာအထောက်အကူပြုအဖွဲ့များမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာထင်းစိုက်ခင်း(၁)ရွာလျှင် အနည်းဆုံး(၂)ဧကနှင့် အထက် စိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနမှ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝကွာဟမှု လျော့ချနိုင် ရေးအတွက် …
Read More »