Home / 2021 / December / 09

Daily Archives: December 9, 2021

ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်

ပဲခူး ဒီဇင်ဘာ ၉ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးအခန်းမ၌ ဒီဇင်ဘာလ(၉) ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ကြံ့ခိုင်မှုစစ်ဆေးခြင်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၏ အထင်ကရ ဖြစ်သည့် ကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြသာဒ်ဆောင်၊ ဘမရာသနပလ္လင်ဆောင်များ ပျက်စီးနေသည့် အစိတ်အပိုင်းများ၊ မြန်မာမှု သစ်သားပန်းကနုတ်ပြားများ၏ အခြေအနေကိုစစ်ဆေးပြီး ပြန်လည်ပြုပြင် နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်ရှေးဟောင်းသမိုင်း ပညာရှင်များ ပါဝင်သော နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး နိုဝင်ဘာလတွင် ပထမအကြိမ် အစည်းအဝေး ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့၏ မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များ၊ မှတ်တမ်းတင်ထားမှုများစသည့် အသေးစိတ်အချက်အလက် တင်ပြချက်များအပေါ် ကြည့်ရှုပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ …

Read More »