Home / 2021 / December / 26

Daily Archives: December 26, 2021

ပဲခူးမြို့အား တိုင်းမြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူး ဒီဇင်ဘာ ၂၆ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား တိုင်းမြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်းရှိ ကျိုက်ပွန်ဘုရားလမ်းအား လမ်းဧရိယာပေ(၁၅၀) အကျယ် လမ်းချဲ့နေမှုနှင့် ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည့် လမ်းသည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပွန်ဘုရားသို့ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာ ဝင်/ထွက် သွားလာနိုင်ရေးနှင့် ဘုရားပွဲကျင်းပရာ အဓိက လမ်းမကြီး တစ်ခုဖြစ်၍ သတ်မှတ်ချက်များအတိုင်း အချိန်မီပြီးစီးရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုး ရန်နှင့် လမ်းမီးများ ထွန်းလင်းစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ …

Read More »