Home / 2021 / December / 29

Daily Archives: December 29, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၉ ============= ပဲခူးမြို့ ဥဿာမြို့သစ်အားကစားကွင်း၌ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၁ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများ၊ အမျိုးသား မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများအား …

Read More »

ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၉ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဦးစွာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ လုံခြုံရေးဂရုပြု ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအား သီးညှပ်စိုက်ပျိုးသွားရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်မှု ရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်း စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်စေရေး၊ စိုက်ဧက တိုးတက်စေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေ အခက်အခဲရှိပါက ခရိုင်အလိုက် Mobile Solar Pump စက်များ ထောက်ပံ့ပေးထားပြီးဖြစ်၍ အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်ကြောင်း၊ သဘာဝဓါတ်မြေဩဇာအဖြစ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူလယ်သမားများအား အသိပညာပေးဆောင်ရွက်ကြရန် …

Read More »