Home / 2021 / December / 15

Daily Archives: December 15, 2021

ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၅ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၅)ရက် နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုး တန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့ရှိ ပင်လယ်နှင့်ထိစပ်လျက်ရှိသော ကျေးရွာများ သည် မိုးတွင်းကာလတွင် စစ်တောင်း မြစ်ရေ တိုက်စားခြင်းခံရသည့်အပြင် ပင်လယ်ဒီရေဒီလှိုင်းများကြောင့် ကမ်းပါးပြိုပြီး စိုက်ပျိုး မြေများ၊ ရွာမြေများ နှစ်စဉ်ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း၊ ကမ်းပါးပြိုမှု သဘာဝဘေးအန္တရာယ်အား ထိန်းသိမ်း ကာကွယ်နိုင်ရန် စစ်တောင်းမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့များတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဒီရေတောများအား ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် ဒီရေတော ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ပေးခြင်းနှင့် လိုအပ်သော နေရာများတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ

ပဲခူး ဒီဇင်ဘာ ၁၅ ရက် ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတူ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့် အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာလုံခြုံမှု ရှိစေရေး လုပ်ဆောင်ပေးရာတွင် သက်ဆိုင်ရာဌာနများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့မှုအပေါ် ကျေးဇူးတင်ပါကြောင်း၊ စီမံ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မိမိတို့မြို့ ရပ်ကွက်/ ကျေးရွာများ၏ လုံခြုံမှုရရှိရေးအတွက် အထူးဂရုစိုက်ရန်နှင့် လုံခြုံရေးအမြင်ရှိရန်လိုအပ်ပြီး သတင်းလက်ဦးမှုအမြဲရရှိနေရန်လိုအပ်ကြောင်း၊ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၆)အုပ်စု၊ …

Read More »