Home / 2021 / December / 23

Daily Archives: December 23, 2021

ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၃ =============== ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ဒီဇင်ဘာလ(၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားစိစစ်ရေးကတ်၏ အရေးပါပုံနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက်ကာလမတိုင်မီ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြသူအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပေးအပ်သည့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ …

Read More »