Home / 2021 / December / 24

Daily Archives: December 24, 2021

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၄ ============= ပဲခူးတက္ကသိုလ်ဝန်းအတွင်း၌ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။ အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကန်တော့ပြီး ရင်ပြင်ပတ်လည် ကျောက်ပြားပြန်လည်ခင်းနေမှုနှင့် ဘက်စုံပြုပြင်မွန်းမံနေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Read More »