Home / 2021 / December / 14

Daily Archives: December 14, 2021

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၄ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တောင်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို လွတ်လပ်ရေးနေ့ ဦးတည်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါကြောင်း၊ မြို့နယ်/ရပ်ကွက်များအလိုက် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပဲခူးမြို့တွင်လည်း Mini မာရသွန်အပါအဝင် အားကစား နည်း(၉)မျိုးကို ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတော် အဆင့် ဂုဏ်ထူးဆောင်ဆုရရှိထားသူများ၊ မော်ကွန်းဝင်အဆင့်ရရှိထားသူများနှင့် သီးခြားထောက်ပံ့ ပေးရမည့်သူများကိုလည်း ပြည့်စုံအောင် ဖိတ်ကြားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့၌ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သစ်သီးဝလံပန်းမံပြခန်း ပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ …

Read More »