Home / 2021 / December / 02

Daily Archives: December 2, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပဲခူး ဒီဇင်ဘာ ၂ ============= ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်ရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး လူမျိုးအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသင်းအဖွဲ့(၆၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး တိုင်းရင်းသား ဘဝများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေကြတာကို မြင်ရသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ မိမိတို့ လူမျိုးအလိုက် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်ခြင်းသည် အင်မတန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာသင်ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားသည့် ဆရာ/ ဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် …

Read More »