Home / 2021 / December / 20

Daily Archives: December 20, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့ခေတ္တရာခန်းမနှင့် တောင်ငူမြို့ရှိ တက္ကသိုလ်များအား ကြည့်ရှု စစ်ဆေး

ပြည်/တောင်ငူ ဒီဇင်ဘာလ ၂၀ ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ ခေတ္တရာခန်းမသို့သွားရောက်၍ အများပြည်သူအားကစားနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နိုင်ရန် ပြုပြင်မွမ်းမံနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ အားကစားပြုလုပ်နိုင်ရန် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိရာ ဆေးရုံးဝန်းအတွင်း တိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ တပ်ဆင်ပေးထားသည့် Oxygen Plant အားကြည့်ရှုပြီး အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေးနှင့် စက်များကြံခိုင်ရေးအတွက် အမြဲမပြတ် ပြင်ဆင်ထိန်းသိမ်းသွားရန်မှာကြားကာ ပြည်မြို့နယ် ရန်ကုန်-ပြည်-မကွေး ကားလမ်းပေါ်ရှိ တီတွတ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးနှင့် လုံခြုံရေးဂိတ်သို့ သွားရောက်ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု …

Read More »