Home / 2021 / December / 07

Daily Archives: December 7, 2021

ပဲခူးမြို့တွင် ဟံဟာဝတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇ ရက် ============= ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေပိုင်းအချိန်က ဟံသာဝတီညဈေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေနှင့် စီးပွားရေးရာ ဝန်ကြီးဦးတင်ဦးတို့က ဟံသာဝတီညဈေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဟံသာဝတီညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှုအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဟံသာဝတီညဈေးအား ဈေးဆိုင်ခန်းပေါင်း(၁၆၇)ခန်းဖြင့် နေ့စဉ်ညနေ(၄)နာရီမှ ည(၈:၃၀)နာရီအချိန်ထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ(GRF)နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ …

Read More »

ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇ ============= ပဲခူးမြို့၊ ညောင်ဝိုင်းမြောက်ပိုင်းရပ်ကွက် ကုန်စိမ်းသားငါးပျံကျဈေး‌ရုံနေရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းအချိန်က ကုန်စိမ်းသားငါး ပျံကျဈေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအား ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးဆွေနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် MJT Co,Ltd မှ ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း အသုံးပြုနိုင်ရန်အတွက် အမှိုက်ပုံး(၇၀)ပုံးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါ ကုန်စိမ်းသားငါးပျံကျဈေးရုံအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၂၆၄.၁၅၀)သန်းဖြင့် Steel Structureအမျိုးအစား …

Read More »