Home / 2021 / December / 11

Daily Archives: December 11, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၁ ရက် ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးခရိုင်(ခ)အသင်းနှင့် ပြည်ခရိုင်(ခ)အသင်း၊ (၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ခရိုင်(ခ)အသင်းနှင့် တောင်ငူခရိုင်(က)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြ သည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်း နှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်မှ ပဲခူးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ထောက်ပံ့ ငွေကျပ် (၇)သိန်းအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့လည်း ကောင်း၊ ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၇)သိန်းအား အစိုးရအဖွဲ့ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်တံခါးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ကျောက်တံခါး ဒီဇင်ဘာ ၁၁ ============== ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်ဌာန ဆိုင်ရာများနှင့်အတူ ကျောက်တံခါးမြို့နယ်သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ကျောက်တံခါးမြို့နယ်သို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကျောက်တံခါးမြို့နယ်အတွင်း လိုအပ်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများသာမက မြို့မိမြို့ဖများ၊‌ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အတွင်းရှိပြည်သူများ စားသုံးမှုဖူလုံ‌‌စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ကိုင်နိုင်ရေး ပန်းခင်းစီမံချက်လုပ်ငန်းကိုလည်း သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်း‌ဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပေးအပ်သည့်တာဝန်များကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မြန်မြန်ဆန်ဆန် …

Read More »