ပဲခူး ဒီဇင်ဘာ ၂၆ =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆောင်းသီးနှံများဖြစ်သည့် ပဲအမျိုးမျိုးနှင့် နေကြာများစိုက်ပျိုးရာတွင် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာများရွေးချယ်ခြင်း၊ စိုက်ပျိုးရေ ရရှိရေး အထူးအလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး လိုအပ်ပါက ဆိုလာရေတင်စနစ်ဖြင့် ချက်ခြင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထား စိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာများအား ကွင်းဆင်းရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာပညာရပ်များ သင်တန်းပေးခြင်းများ ဆောင်ရွက်သည့်အပြင် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း …
Read More »Monthly Archives: December 2022
သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဒီဇင်ဘာ ၂၅ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်း(ပဲတီစိမ်း)စိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများအား တောင်သူလက်ဝယ်အရောက် အမြန်ဆုံးဖြန့်ခွဲပေးရန်နှင့် နွေစပါး စိုက်တောင်သူများအတွက်လည်း အချိန်နှင့်တစ်ပြေးညီ သွင်းအားစုများ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေငန်ဝင်ရောက်သည့် သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် မြေလပ်မရှိ စိုက်ပျိုး နိုင်ရေး ဆားငန်ဒဏ်ခံစပါးမျိုးများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထားစိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ MSMEs လုပ်ငန်းရှင်များအတွက် ထုပ်ပိုးမှုစနစ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် Packing …
Read More »ပဲခူးမြို့ ဒီဇင်ဘာလ(စတုတ္ထအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ
ပဲခူး ဒီဇင်ဘာ ၂၄ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်များနှင့်အတူ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့မှစတင်၍ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုလမ်း၊ တောင်ငူလမ်း၊ ဟင်္သာလမ်းမှ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်အထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)နှင့်(၂)တို့အား စုပေါင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား(၃၆၀၀)ဦးကျော် တက်ရောက်ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်းများဖြင့် ကျွေးမွေးဧည့်ခံကြ ကြောင်း သတင်းရရှိသည်။
Read More »(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ ရန်ကင်းသာပန်းခြံအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ပဲခူး ဒီဇင်ဘာ ၂၃ ================== ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သော ရန်ကင်းသာပန်းခြံသစ်အား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အဆိုပါပန်းခြံကားပါကင်၌ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ်ပွဲကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကင်းသာပန်းခြံဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကောင်းထိုက်၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်သိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပြုပြင်ထိန်းသမ်းခြင်းလုပ်ငန်းများ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဒီဇင်ဘာ ၂၂ =========== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနား တက်ရောက်လာကြသူများက အလေးပြုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ယနေ့သည် ကရင်တိုင်းရင်းသား လူမျိုးများ၏ (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာများနှင့် ကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ (၁၉၃၈) ခုနှစ်မှစတင်၍ နှစ်စဉ် ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင်ကျင်းပပြုလုပ် ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှာ ကရင်တိုင်းရင်းသား များအပါအဝင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးများအားလုံး၏ ဓလေ့ ထုံးတမ်းများ …
Read More »(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး
ပဲခူး ဒီဇင်ဘာ ၂၁ ========== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်၊ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပဲခူး ဒီဇင်ဘာ ၂၀ =========== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းနိုင်ရေး အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း၊ အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်သည် လုပ်ငန်းပမာဏကြီးမားသလို နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းလည်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူပြီး နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်စေရန် …
Read More »ဒီဇင်ဘာအားကစားလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ
ပဲခူး ဒီဇင်ဘာ ၁၇ ========================= ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ (တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ ကျောက်တွင်းကုန်းမီးပွိုင့်၊ ရှင်စောပု လမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်းနှင့် ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအထိ စုပေါင်းလမ်း လျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ ဒီဇင်ဘာအားကစားလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ (၃၄၀၀) ကျော် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ကြပြီး …
Read More »နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
သနပ်ပင် ဒီဇင်ဘာ ၁၆ ============== သနပ်ပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၆) ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အတွင်း လူဦးရေအားလုံး၏ (၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူလူထုများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား အသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ ဒေသအတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ကျဆင်းခဲ့ရသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်မှ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ တောင်သူ လယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအပေါ် စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိရှိအသုံးချပြီး သီးနှံပေါ်ချိန်တွင် …
Read More »ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက် အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်လမ်းညွှန်မှာကြား
ပဲခူး ဒီဇင်ဘာ ၁၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် ပြောကြားသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းနေကြာနှင့် ပဲတီစိမ်းစိုက်ဧကများအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည့် လုပ်ငန်းစဉ်သည် တောင်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး Quick Wins ဖြစ်ပေါ်စေသည့် စီမံချက် တစ်ခုဖြစ်၍ မြို့နယ်အလိုက် အောက်ခြေအဆင့်ထိ ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ နွေစပါးရာသီ တွင်လည်း လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးသွင်းအားစုများကို ထပ်မံပံ့ပိုးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေး ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အကောင်အထည်ဖော် ရာတွင် စာရင်းဇယားအချက်အလက်များအပေါ် …
Read More »