Home / 2023 / February (page 2)

Monthly Archives: February 2023

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်လှစ်

ပဲခူး ဖေဖော်ဝါရီ ၁၀ ===========           ပဲခူးမြို့၊ မြို့မရဲစခန်းဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးဆန်းညွန့်လှိုင်နှင့်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ …

Read More »

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၉ =========            (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.Kစည်တီး(က)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု၊ အလွတ်တန်းဖူဆယ်ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်း နှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ …

Read More »

သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဖေဖော်ဝါရီ ၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မကြာမီ သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများနှင့် လျှပ်စစ်ဓါတ်အားခကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီဖြစ်၍ သတ်မှတ်ဧရိယာအလိုက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ကြရန်နှင့် ကြဲပတ်စိုက်ပျိုးသည့်စနစ်မှ အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ …

Read More »

နွားနို့ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး တိုက်တွန်း ပြောကြား

ပဲခူး ဖေဖော်ဝါရီ ၆ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘိုကုန်းရပ်ကွက်ရှိ ဦးဇော်မင်းလွင်၏ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ၊ မွေးမြူရေးခြံတာဝန်ခံမှ နို့စားနွားစတင်မွေးမြူမှုနှင့် နွားစာအတွက် နေဗီယာမြက်နှင့် ပါရာမြက်(ရေမြုပ်ခံ)စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် နွားနို့ထွက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။           ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နို့စားနွားမှ ထွက်ရှိလာသည့် နွားနို့ကုန်ကြမ်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့စိမ်း၊ ဒိန်ချဉ်၊ မလိုင်လုံးထုတ်လုပ်နိုင်ရေး နည်းပညာပေးရန်၊ တိရစ္ဆာန်ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ နွားမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန်နှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသားစား နွားများ ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           အဆိုပါ …

Read More »

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၅ ==========       (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        ရှေးဦးစွာ ရွှေဝါထွန်းဘော်လီဘောအသင်းနှင့် ကဝမြို့မဘော်လီဘောအသင်းတို့ တတိယနေရာလုပွဲနှင့် LUCKY FISHအသင်းနှင့် ပဲခူးတက္ကသိုလ်မိသားစုအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပြည်သူများက ကြည့်ရှု့အားပေးခဲ့ကြသည်။        ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အကောင်းဆုံး အားကစားသမားဆုရရှိသူများ အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အစိုးရအဖွဲ့တာဝန်ရှိသူများမှလည်းကောင်း၊ တတိယဆုရရှိသော ရွှေဝါထွန်းဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတက္ကသိုလ်‌မိသားစု ဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်အား တိုင်းဒေသကြီး တရားလွှတ်တော် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၃ =================           ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ(၃) ရက်နေ့၊ ညနေပိုင်းက ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၂၀၀၀)ကျော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပဲခူး တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များအား ဖတ်ကြား ခဲ့ကာ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ သိကောင်း စရာများအား ရှင်းလင်းပြောကြားခဲ့သည်။           …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒိုက်ဦး ဖေဖော်ဝါရီ ၃ ===================           တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးကျေးရွာ၌ ဆောင်းနေကြာ (ဆင်းရွှေကြာ-၂)သီးသန့်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် သီးသန့်နေကြာစိုက်ခင်းများ တိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူမျာအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၊ နွေစပါး (ဆင်းသုခ)မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းမြေဩဇာကြဲပတ်ပွဲအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ နှင့် တွေ့ဆုံ၍ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ Drum Seeder ဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ကွင်းတစ်ဆက်တည်း မျိုးတူစပါးမျိုးကိုသာ စိုက်ပျိုးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၂ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်းဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးရိုးမသည် နိုင်ငံအတွင်း ပထဝီအနေ အထားအရ ဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူး-စစ်တောင်းမြစ်ဝှမ်းဒေသနှင့် မုတ္တမပင်လယ်ကွေ့ဒေသများ၏ ရေဝေရေလဲအတွက် အထောက်အကူဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တမံများ ပေါများခြင်း၊ ကုန်းတွင်းရေဝပ်ဒေသလည်းရှိသဖြင့် ကောင်းမွန်သော ဂေဟစနစ်ပိုင်ဆိုင်ထားကာ စားနပ်ရိက္ခာဖူလုံစေရေး အတွက် အဓိကအရင်းအမြစ်ဒေသတစ်ခုဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် ဒေသခံပြည်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများအတွက် ပံ့ပိုးဖြည့်ဆည်းပေးနေသည့်အပြင် ဌာနေရေပျော်ငှက် များ၊ ကမ္ဘာ့မြောက်ခြမ်းနှင့် တောင်းခြမ်းတို့မှ …

Read More »

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁ =========       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ မီနီမာရသွန်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/ အမျိုးသမီးအဖွဲ့အား သတ်မှတ် နေရာအသီးသီးတို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ခရာမှုတ်၍ တာလွှတ်ပေးခဲ့သည်။          မီနီမာရသွန်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူများအား လမ်းဘေးဝဲ/ယာမှ ဒေသခံပြည်သူများ၊ ကျောင်းသား/ သူများက သောင်းသောင်းဖျဖျ အားပေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပန်းဝင်မည့် ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းရှေ့မှနေ၍ ကြိုဆိုအားပေးခဲ့ကြသည်။       ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး အထူးဆုရရှိသူ(၁၄) ဦး၊ နှစ်သိမ့်ဆုရရှိသူ(၂၀)ဦး၊ …

Read More »