ပဲခူး စက်တင်ဘာ ၁၆ ================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီး တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကပ်ဘေး ကျရောက်သည့် အခြေအနေများတွင် ရှေးဦးပြုစုခြင်းနည်းပညာများဖြင့် ချက်ခြင်းတုံ့ပြန်၍ လူအသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင် တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း အကူအညီ တွေကို ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်ပါအတိုင်း …
Read More » 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				