ပဲခူး စက်တင်ဘာ ၂၇ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက် များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များ ဖြစ်၍ တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်၍ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ အားနည်းချက်၊ အားသာ ချက်များကို ပြန်လည်သုံးသပ်ကာ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးအနေဖြင့် ၂၀၂၃ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website