သာယာဝတီ စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိ ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၌ စပါးနှင့်ဘဲ ပေါင်းစပ်စိုက်ပျိုးမွေးမြူခြင်း သရုပ်ပြသမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စပါးခင်းများအတွင်း မိုးရာသီတွင်ကျရောက်လေ့ရှိသည့် ရွှေခရုများ နှိမ်နင်းရာတွင် ပိုးသတ်ဆေးမသုံးဘဲ သဘာဝနည်းလမ်းအတိုင်း ဘဲမွေးမြူလွှတ်ကျောင်းခြင်းသည် အထိ ရောက်ဆုံးဖြစ်ကာ စပါးခင်းများ ပေါင်းမြက်ဖယ်ရှားရမှု သက်သာခြင်း၊ စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ရရှိခြင်းတို့စသည့် အကျိုးကျေးဇူးများရရှိခြင်းအပြင် ဒေသတွင်း အသား၊ ဥ ဖူလုံမှုကိုလည်း တိုးတက်လာ စေနိုင်မှာဖြစ်၍ ကျေးရွာအုပ်စုများအလိုက် တောင်သူအစုအဖွဲ့ဖြင့် ဘဲမွေးမြူခြင်းလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား …
Read More »Bago Manager ZWL
ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်း သမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ် ဓမ္မာရုံတော်ကြီး၌ ကျင်းပ ပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ရွာဘဲ တောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုမာရ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ …
Read More »ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်
ပြည် စက်တင်ဘာ ၂၂ ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ယမန် နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့ သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက် ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် “မဟာသဒ္ဒမ္မဇာတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ၊ မဟာမင်္ဂလာဓမ္မာဇောတိကဓဇ”ဒေါက်တာဘဒ္ဒန္တဩဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေကျပ် (၁၀၀)သိန်းအား အဘဏ္ဍာငွေရှာဖွေရေးနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ဝင် မိသားစုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးခဲ့
ပြည် စက်တင်ဘာ ၂၂ ပြည်မြို့၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ နဝင်းရဲရိပ်သာခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက မိသားစုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေး၊ တစ်ပိုင်တစ်ပိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာ နိုင်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ဆပ်ပြာဆီအမျိုးမျိုး၊ မှန်ကြည်ဆေး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးမျိုးနှင့် Body Scrub ထုတ်လုပ်သည့် နည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်သည့်အပြင် သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းစတင်ထူထောင်နိုင်ရေး လုပ်ငန်းအလိုက် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် သာယာဝတီမြို့နယ်၌ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
သာယာဝတီ စက်တင်ဘာ ၂၁ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၂)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြသည်”သီချင်း ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်း များကို …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံ
ပဲခူး စက်တင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန်စပါးသည် ပြည်တွင်းစားသုံးမှုကို အဓိကအထောက်အကူပြုပေးနေသော်လည်း ပြည်ပနိုင်ငံများ၏ ဆန်းစပါး ဝယ်ယူမှုပေါက်ဈေးအပေါ် မှီခိုနေရသဖြင့်တောင်သူများအတွက် တွက်ချေကိုက်သည့် စပါးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေး မြို့နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းအား ဆန်စပါးအသင်းချုပ်မှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မကြာမီ မိုးစပါးများထွက်ရှိ လာတော့မှာဖြစ်၍ ယခုအချိန်ကတည်းက ပြည်တွင်း/ပြည်ပဈေးကွက်ရှာဖွေခြင်း၊တောင်သူလယ်သမား အကျိုးရှေးရှု၍ သင့်တင့်မျှတသောဈေးနှုန်းသတ်မှတ်၍ ဝယ်ယူပေးရန် ပြောကြားခဲ့သည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တောင်သူ လယ်သမားအကျိုးစီးပွားကာကွယ်နိုင်ရေးနှင့် လက်ရှိပြည်ပပို့ကုန်ဆန်စပါး၏ ပေါက်ဈေးအခြေအနေတို့ အားလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ဆန်စပါး Export Zone …
Read More »၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၉ ၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၉) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံပညာအဆင့်သည် စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ သုတ၊ သက်မွေး စသည်ဘက်စုံပညာဖွံ့ဖြိုးတိုးတက် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်သလို အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံ အုတ်မြစ်ဖြစ်သည့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား/သူများဖြစ်လာစေရေးအတွက် ကျောင်းသား အားကစားပွဲတော်များကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ ခွန်အားနှင့်ဉာဏ်ရည်ကို စနစ်တကျလှုပ်ရှားစေခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုကိုဖြစ်ပေါ်စေသည့် ပညာရပ်တစ်ခုဖြစ်ကာ အနိုင်၊ အရှုံး တစ်ခုတည်းကိုမူတည်ပြီး ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံအားပေး
ပဲခူး စက်တင်ဘာ ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူစဉ်ကပင် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ လက်ထက်တွင်လည်း ချမှတ် ပေးထားသည့် ဦးတည်ချက်(၄)ရပ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုနှင့် တိုင်းပြည်အနာဂတ်အတွက် မကြာမီ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပ ပေးရန် အချိန်အတိအကျဖြင့် အသိပေးကြေငြာထားပြီးဖြစ်ရာ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH , NUG ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ အထွေထွေရွေးကောက်ပွဲ …
Read More »တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၇)ဆုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ သော ပဲခူးတိုင်းဒေသကြီး တင်းနစ်အားကစားသမားများ ဂုဏ်ပြုကြိုဆိုပွဲကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၈ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ်(၇)ဆုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ် အားကစားသမားကို ပဲခူးတိုင်းဒေသကြီးနယ်စပ် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဝမ်းဘောဒတ်တံတားမှ စတင်၍ ဂုဏ်ပြုကြိုဆိုခြင်းအားပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြိုဆိုဂုဏ်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများဖြင့် အောင်မြင်မှုများ ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တင်းနစ်အားကစားဝါသနာရှင်များ၊ ပဲခူးမြို့နေပြည်သူ များက ပဲခူးမြို့နယ်အစပ် ဝမ်းဘော်ဒတ်တံတားမှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအထိ ကားလမ်းဘေးဝဲ/ယာမှ သောင်းသောင်းဖျဖျ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်း အနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအားစုတိုးတက်အောင် ဆောင်ရွက်နေသည့် အာမခံအလုပ်သမားများ၏ သားသမီးများ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးသည် အလွန်အရေးကြီးပြီး မဖြစ်မနေ ပံပိုးကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား များ၏ သားသမီး(၆၀၉၃)ဦးသည် စဉ်ဆက်မပြတ် ပညာသင်ကြားနေသည့်အတွက် ငွေကျပ်(၂၄၄.၄၅၅) သန်းနှင့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုး ခံစားခွင့်(၄၀)ရာခိုင်နှုန်းဖြင့် အာမခံအလုပ်သမား …
Read More »