ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လယ်ယာမြေများ ရေကြီးနစ်မြှုပ်လျက်ရှိရာ သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး ပြန်လည်ကုစားခြင်းကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့အစဉ်အလာ နှင့် ကိုက်ညီသော တစ်ကွင်းတစ်ဆက်တည်း စုပေါင်းစိုက်ပျိုးသည့်စနစ် ဖော်ဆောင်နိုင်ရေး စည်းရုံးဆောင် ရွက်ကြရန်နှင့် ယင်းစနစ်ဖြစ်ပေါ်လာပါက မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် စိုက်ပျိုးရေရရှိရေးတို့ကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ပြီး သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းများတိုးတက်လာနိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူအဆင့်ဆင့်က မိမိတို့ဒေသအလိုက် စိုက်ပျိုးထားသည့် သီးနှံအမျိုး အစားအလိုက် စိုက်ဧက၊ စိုက်ပျိုးသည့်မြေအမျိုးစား၊ အထွက်နှုန်းတို့ကို တိကျမှန်ကန်စွာ တင်ပြပေးရန် …
Read More »bago LSCS Application အသုံးပြု၍ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနိုင်ရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
ပဲခူး နိုဝင်ဘာ ၂၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက bago LSCS …
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နိုဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် (၄၈)ကြိမ်မြောက် လစဉ်နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေး
ပဲခူး နိုဝင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု မြို့မိ/မြို့ဖများပူးပေါင်းပါဝင်မှုတို့ဖြင့် ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် လူဦးရေ(၃၅၀၀၀) စတုဒီသာကျွေးမွေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့
ပဲခူး နိုဝင်ဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု မြို့မိ/မြို့ဖများပူးပေါင်းပါဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင်…
ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၅)ကြိမ်မြောက်မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၄ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၅)ကြိမ်မြောက် မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် နတ်တလင်းမြို့၌ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲသို့ သွားရောက်ကြည်ညို
နတ်တလင်း နိုဝင်ဘာ ၂၃ နတ်တလင်းမြို့ ကျက်သရေဆောင် သကျမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓမြတ်စွယ်တော် …
(၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲသို့ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို
ပြည် နိုဝင်ဘာ ၂၂ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်စံပယ်လျက်ရှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပြည်မြို့၌ လယ်ယာသုံးစက်ကိရိယာနှင့် MSMEs ထုတ်ကုန် ပစ္စည်းများပြသပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည် နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် ပြည်မြို့၊ လေးဆူဓါတ်ပျော်…
ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ပြန့်ပွားအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု
ပဲခူး နိုဝင်ဘာ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၌ နွေစပါး (၂၂၄၀) ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဖြူးချောင်းဆည်ရေသောက်စနစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆည် ရေသောက်စနစ်ဧရိယာအတွင်း အပြည့်အဝစိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက် ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဖြူးမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးလူမော်၏ Good Brother တန်(၆၀)ကျ ဆန်စက်၌ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier ဖြင့် ပြည်ပပို့ကုန် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ
ပဲခူး နိုဝင်ဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးအတွင်း အိန္ဒိယနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၆) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး ခြင်း၊ စိုက်ပျိုးရေကြိုတင်သိုလှောင်ခြင်း၊ သွင်းအားစုများလိုအပ်ချက်များနှင့် စက်သုံးဆီ လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး တင်ပြပေးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို သီးနှံအထွက်နှုန်းများ တိကျမှုရှိစေရေးနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး အထူးအလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံများအား ယခင်နှစ်ကာလတူထက် စိုက်ဧက လျော့နည်းစိုက်ပျိုးမှု မဖြစ်ပေါ်စေရေး မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မွေးမြူရေး ကဏ္ဍနှင့်ပတ်သက်၍ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် တောင်ငူမြို့၊ ကေတုမတီ ရှေးဟောင်းကျုံးမြောက်ဘက်၌ မော်ကွန်းတံခါးအနီး ကျုံးကူးတံတားတည်ဆောက်မည့်နေရာသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ကျုံးပတ်လမ်းများ ကောင်းမွန်မှုရှိစေရေးနှင့် မြို့ရိုးတစ်လျောက်ရှိ ခြုံနွယ်များအား စဉ်ဆက်မပြတ် ဖယ်ရှားရှင်းလင်းရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ နန်းတော်ရာ ဟောင်းနေရာ ရှာဖွေတူးဖော်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ကုန်းများအလိုက် ရှာဖွေ တွေ့ရှိသည်များကို ခေတ်အလိုက်ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားရှိရန်နှင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော်မှုမရှိစေရေး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website