ပဲခူး ဒီဇင်ဘာ ၁၆ ရက် ============= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်း အချိန်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံ အနီးရှိ ဝါးကတုတ်ဆည်၌ ကျင်းပပြုလုပ်သည့် ရေပေါ်လှောင်အိမ် (Cage Culture)ငါးမျိုးထည့်ခြင်း အခမ်းအနားတက်ရောက် ခဲ့သည်။ အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ငါးခုံးမကြီး(၂၀၀၀)ကောင်၊ တီလားပီးယား (၂၀၀၀)ကောင် တို့အား ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture)(၄)ကန်အတွင်းသို့ ငါးမျိုး ထည့်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အခြားသော ဆည်/ မြစ်ချောင်းများအတွင်း ငါးအကောင်ရေ (၁၀၀၀)ဆံ့ (၁၀)ပေပတ်လည်ပိုက်များဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website