Home / 2021 (page 22)

Yearly Archives: 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူမြော်ကြည်ညိုကာ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်း ကို ကြည်ရှု့အားပေး

ပဲခူး   ဧပြီ    ၁၆  =============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် နှစ်သစ်ကူး အတာသင်္ကြန်အတတ်နေ့ ဧပြီလ (၁၆) ရက် နံနက် (၈)နာရီအချိန်က ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ​စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင် ရွက်နေကြသည်ကို ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ် တန်ဆောင်းအတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရားများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားများအား ရွှေသင်္ကန်းများ ဆပ်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။           ထို့နောက် မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာတစ်ရပ်နှင့်အညီ ရွှေမော်ဓော စေတီမြတ်ကြီးရှိ စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး  ဧပြီ ၁၃ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်း မြက်ခင်းပြင်၌ ဧပြီလ(၁၃) ရက်နေ့၊ ညနေ(၄)နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များနှင့် အတွင်းရေးမှူးတို့က  မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အတာသင်္ကြန်ရေ ပက်ဖျန်းကာ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။           အဆိုပါ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီဝင်များ၊ အတွင်းရေးမှူး၊ ဥပဒေချုပ် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် COVID-19ရောဂါ  ကာကွယ်ဆေးထိုးနှံပေး

ပဲခူး ဧပြီ    ၉ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် COVID-19 ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ဧပြီလ(၉) ရက်နေ့၊ နံနက်(၉:၀၀)အချိန်က ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက COVID-19ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယအကြိမ် COVID-19ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးစီးမှု မှတ်တမ်းအား တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။           ပထမအကြိမ် COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မတ်လ(၈)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကို လည်းကောင်း၊ ဒုတိယအကြိမ်  …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ပဲခူး ဧပြီ  ၈ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၈)ရက်နေ့၊ နံနက်(၁၁:၄၅)အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၅)မိုင်(၅)ဖာလုံ အနီး ဘယ်ဂျီယံနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်သည့်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ Bel Ga Myanmar Co., Ltd ၏ Farm(2) တည်ဆောက်ရေး ရှင်းလင်းဆောင်၌ မန်နေဂျင်းဒါရိုက်တာ Mr. Ben Cliteur က Farm(1) စက်ရုံလည်ပတ်နေမှုအခြေအနေ၊  Farm(2) စက်ရုံတည်ဆောက်နေမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ်လမ်း လိုအပ်ချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။           …

Read More »

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဧပြီ ၂ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက CDM လုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မိမိတို့၏ သားသမီးများသဖွယ် နောက်ဆုံးအချိန်အထိ ရုံးတက်ရောက်စေရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တစ်ဝက်ရောက်ပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက် အက်ဥပဒေကို အထူးလေးစားလိုက်နာရန် မိမိတို့၏ ဝန်ထမ်းများအား အသိပေးပြောထားရန်နှင့် ရုံးပိတ်ရက်များပြားသည့်အတွက် ရုံးဌာနများမီးဘေးလုံခြုံရေးအား ဂရုစိုက်ရန် လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး မတ်  ၃၀ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များ (Public,Private,Partnership) တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း(Contract Farming System)သည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သော ပုဂ္ဂလိက လယ်ယာလုပ်ငန်းကြီးများ ပေါ်ပေါက်လာစေရန်နှင့် အရည် အသွေးပြည့် …

Read More »

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၈ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)၊ ဗိုလ်မှူးကြီးလှမျိုးရွှေ က COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူ လာနိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော မြန်မာ့စီးပွားရေး အဆောက်အအုံကို အထောက်အကူပြုနိုင်သည့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ စေရေးစီမံချက်(မူကြမ်း)ပေါ် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြုံပြုသုံးသပ်တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။           ထို့နောက် အတွင်းရေးမှူး ဦးစိုးသိန်းက ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေ၊ နိုင်ငံ့အခြေအနေတို့ကို ထည့်သွင်းစဉ်းစားလျက် ကာလတိုကာလအတွင်း စီးပွားရေးနှင့် သက်ဆိုင် သည့် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ …

Read More »

ပဲခူးမြို့တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၂၇ ———————————–      ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၁၃၈၂ ခု၊ တပေါင်းလပြည့်၊ မတ်လ (၂၇)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြီး တိုင်းဒေသကြီးအတွင်းမှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ဆရာတော်များနှင့် သီလရှင်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေး အပ်ခြင်း အခမ်းအနားကို ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်များ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး သံဃနာယအဖွဲ့ ဆရာတော်ကြီးများ၊ ဘွဲ့ရဆရာတော်များနှင့် သီလရှင်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ပဲခူး မတ် ၂၄ =================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မတ်လ(၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူများဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှသာ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ တင်ပြပေးရန် ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၃) ဦးတင်သိန်းနှင့် အတွင်းရေးမှူး ဦးစိုးသိန်းတို့က ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်းအုပ်(မူ/အုပ်)များ စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂၄ =================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်း ကျောင်းအုပ်များ (မူ/အုပ်) စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဆန်းအောင်က အခြေခံပညာ ကျောင်းများရှိ ဆရာ/ဆရာမများ စွမ်းရည်မြှင့်မွန်းမံသင်တန်း ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အခြေခံပညာမူလတန်းကျောင်းအုပ်များ(မူ/အုပ်) စွမ်းရည်မြှင့် မွန်းမံသင်တန်းသို့ တက်ရောက်နေ သည့် ဆရာကြီး/ဆရာမကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းတက်ရောက် နေသည့် ဆရာကြီး/ဆရာမကြီးများအား အမှတ်တရ မှတ်စုစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »