Home / 2021 (page 8)

Yearly Archives: 2021

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၂ =====================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်း အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးစီးဌာန ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေရေး ရုံးလုပ်ငန်းများဆောင်ရွက်ပေးနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်အစိုးရအတွက် အလွန်အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ မိမိတို့၏ ဌာနရည်မှန်းချက်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ကောင်းမွန်ခဲ့သော သမိုင်းဂုဏ်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရစေရေး ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင်သွားလာကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် …

Read More »

ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၁၈ =====================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိ ရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပဲခူးမြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော  တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ပဲခူးမြို့၊ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်၍ ပဓာနနာယက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ကဝ စက်တင်ဘာ ၁၇ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁၇) ရက်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း ကျေးလက်ဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက် ကွင်းဆင်းကြည့်ရှုအား ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ကဝမြို့နယ် သပြုကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ဒန်နှင့်သံထည်ပစ္စည်းများ အရည်ကြိုပုံသွင်း ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အသင်းအဖွဲ့ ဖွဲ့စည်းပေး နိုင်ရေး၊ နည်းပညာနှင့် ချေးငွေရရှိနိုင်ရေး၊ ကုန်ကြမ်းရရှိစေရေး၊ လျှပ်စစ်မီးပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ခိုင်မာသည့်ဈေးကွက် ရရှိစေရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာ၌ ဒန်/သတ္တုစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဒယ်အိုးဆိုဒ်စုံနှင့် မိုးဗြဲဒယ်လုပ်ငန်း၊ …

Read More »

ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၅ =================            (၁၃-၉-၂၀၂၁)ရက်နေ့ ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ (၁၅)ရက်နေ့ ည(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြစ်မှုကျူးလွန်သူ တရားခံများ အား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သည့် တပ်မတော်သားများအတွက် ဂုဏ်ပြုဆုငွေကျပ်(၄၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု

ပဲခူး စက်တင်ဘာ ၁၅ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ဧကရာဇ်-နောင်ပတ္တရာ-သဘော့ကန် ကျေးလက်လမ်း (၁)မိုင်(၃.၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးလက်လမ်းများ ကောင်းမွန်မှသာ စိုက်ပျိုးရေးထွက်ကုန်များ အချိန်မီ ပို့ဆောင် နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိနိုင်မည်ဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းပုခုံးသားများ အမာခံရရှိရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် ကျိုက်လှကျေးရွာရှိ အထွက်ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်း တွင် မတူညီစပါးမျိုးကွဲ ရင့်မှဲ့နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၀/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၄ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၄) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၀/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယ ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံများရှိ ICU (အထူးကြပ်မတ်ကုသဆောင်)များတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံမှုရှိစေရေး ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားရန်၊ Facility Quarantine Centerအဖြစ် အသုံးပြုခဲ့သော တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကျောင်းများ၊ စာသင်ကျောင်းများ၊ သင်တန်းခန်းမများ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၃ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ (၂:၃၀)နာရီအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ် သည့်အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသဖြင့် စိုက်ပျိုးရေအပြည့်အဝ ရရှိစေရေး ဆည်/တမံများ၌ မိုးရေများ ပြည့်မီသိုလှောင်ထားရန်လိုအပ်ကြောင်း၊ ဆည်/တမံများမှ စုဆောင်းထားသည့် မိုးရေများအား ရေပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိရှိအသုံးချနိုင် စေရေး လက်တံရေပေးတူးမြောင်းများ ပြန်လည်ပြုပြင်မွန်းမံခြင်းနှင့် ကြံ့ခိုင်မှုများစစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေရရှိနိုင်သည့် အရင်းအမြစ် များအားရှာဖွေ၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိနိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၁၂ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတိ္တစာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယကကြခတ်ဝိုင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြခတ်ဝိုင်းပရိယတိ္တစာသင်တိုက် အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာတော် အရှင်သူမြတ်အပါး(၁၆၀)တို့၏ ဆွမ်းနှင့် ဆွမ်းဟင်း ပြည့်စုံစေရန်အတွက် ဆန်(၅၀)အိတ်၊ ဆီ(၂၄၀)ပိဿာ၊ ကုလားပဲ(၄)အိတ်နှင့် ဆား(၄)အိတ် တို့အား ပဓာနနာယကဆရာတော်ထံ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၁၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင် လမ်းမှ ပဲခူးမြို့တွင်းသို့ ချိတ်ဆက်မည့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးမှ တံတားတည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ လုပ်ငန်းခွင်အမြန်ဆုံးပြီးစီးနိုင်ရေး၊ Living Area အား လှပသေသပ်စွာ ဆောင်ရွက်သွားရန်နှင့် ရှေးဟောင်းကျုံး မပျက်စီးစေရေး အလေးထားဂရုပြု ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ မြို့မဈေးရှေ့ ရန်ကုန် – …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၉/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၇ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၉/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာ သည့် နေရပ်ပြန်မြန်မာ နိုင်ငံသားများအား စနစ်တကျ သေချာစစ်ဆေးပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှု ပေးရန်၊ မကြာမီ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ …

Read More »