Home / 2023 / July (page 2)

Monthly Archives: July 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မင်းလှ ဇူလိုင် ၂၀ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇူလိုင်လ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။                  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းအတွင်း သိန်းရွှေကုမ္ပဏီ၏ ငါးမွေးမြူရေးကန်နှင့် ဥစားကြက် မွေးမြူရေးခြံများသို့ သွားရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေဗီယာမြက် စိုက်ပျိုးထားရှိမှုနှင့် မြေယာအသုံးချမှု အခြေ အနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ငါးမွေးမြူရေးကန်များနှင့် ဥစားကြက် မွေးမြူရေးခြံများသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး တိရစ္ဆာန် အမျိုးအစားအလိုက် ကျွေးမွေးရမည့် မြက်မျိုးများ ရှာဖွေသုတေသနပြုရေး၊ …

Read More »

စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၉ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အစည်းအဝေးလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း (၁)သီးစိုက်ဧကများ လျော့နည်းစေရေး နည်းလမ်းပေါင်းစုံဖြင့် လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သွင်းအားစုများနှင့်ပတ်သက်၍ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး မျိုးစေ့များရရှိနိုင်ရန် ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဇူလိုင်လအကုန် မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကောင်း သော မျိုးကောင်းမျိုးသန့် ပြောင်းလဲရွေးချယ် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ကြားရှိ မြေနုကျွန်းများ၊ ယာမြေများတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၈ =============== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊  တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

တောင်ငူ ဇူလိုင် ၁၇ =========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူ ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေါ်အေးအေးဝင်း၏ အေဝမ်းမုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် လျှပ်စစ်မီးအစားထိုးသုံးနိုင်ရေး Gasifier တပ်ဆင်အသုံးပြုရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲလင်းထွန်း ၏ ကောင်ရေ(၈၀၀၀၀)ကျော်ရှိသည့် ရွှေဝါအအေးခန်း ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှု ဖူလုံပိုလျှံနိုင်ရေး တိုးချဲ့ထုတ်လုပ်မွေးမြူရန်၊ တိရစ္ဆာန်အစာ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ကြက်ခြံအတွင်း …

Read More »

၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး ဇူလိုင် ၁၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်းမှာလည်း ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့်အညီ အနေအထိုင်၊ အစား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝေါ    ဇူလိုင် ၁၂ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တိုက်ရိုက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိပါက ဒေသတွင်းစားရေရိက္ခာ ဖူလုံပိုလျှံမည်ဖြစ်ကာ စားသုံးကုန်များ အထိုက် အလျောက် စျေးနှုန်းကျဆင်းသွားမှာဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်ရေး ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် အဆင့်မြင့် စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက် Gasifier …

Read More »

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁၀ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးသည့် ရာသီရောက်ရှိပြီဖြစ်၍ လျာထားဧကအတိုင်း မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာနှင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလို(YAR-14) အထွက်နှုန်းကောင်းမျိုးစပါးအား သက်ဆိုင်ရာမျိုးစေ့ခြံများတွင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးထားပြီးဖြစ်၍ လိုအပ်သည့်မြို့နယ်များအား အချိန်မီဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ ဆီဖူလုံပိုလျှံမှုရှိစေရေး အထွက်ကောင်းသည့်စပ်မျိုးများအား အမှန်တကယ် စိုက်ပျိုးအောင်မြင် နိုင်သည့် မြေနုကျွန်းများတွင် စိုက်ပျိုးရန်လိုအပ်ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် …

Read More »

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၃ =================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဂုဏ်ပြုအမှာစကား တက်ရောက်ပြောကြားခဲ့သည်။          ၎င်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip နှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းအား ကြည့်ရှုခဲ့ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများအား  တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင် ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး …

Read More »

နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း

ပဲခူး ဇူလိုင် ၁ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက် ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလု်ပငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား အသေးစိတ်ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ချောများ ပြန်လည်ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး မျိုး၊ …

Read More »