Home / 2023 / August (page 3)

Monthly Archives: August 2023

သာယာဝတီခရိုင်၌ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

သာယာဝတီ ဩဂုတ် ၆ =============             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်၌ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ တောင်သူဦးရဲနိုင်၏ လယ်မြေတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးမြှင့်ဆန်များ တိုးချဲ့ပျိုးရန်၊ ရာသီမရွေး အထွက်နှုန်းကောင်းသော ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် ပိုက်ဆံလျှော်စိုက်ပျိုးဧက မြို့နယ်အလိုက် လျာထားချက်ပြည့်မီရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲသို့ လာရောက်လေ့လာသည့် သာယာဝတီမြို့နယ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့

တောင်ငူ ဩဂုတ် ၅ =================             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက  တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။              ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ နတ်သျှင်နောင်ရပ်ကွက်၊ ဦးမြတ်သီဟ၏ မြတ်ပဲမုန့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဘေးကင်း လုံခြုံသော အစားအစာဖြစ်စေရန် FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက်  တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးခဲ့သောမိုးစပါးဧကများအတွက် လိုအပ်သော ပျိုးပင်နှင့် မျိုးစပါးရရှိရေး၊ ထိခိုက်ဧကများအား သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ကင်းဆင်းစစ်ဆေးရန် နှင့် မန်းကျည်စင်ချောင်း ပြန်လည်တူးဖော်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ …

Read More »

နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံလိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၄ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၄)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန်တာဝန်ရှိသည်”ဟု ပြဌာန်းထားပြီးဖြစ်ကာ ရရှိသည့်အခွန်ငွေများ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေရပြီး ရသင့်ရထိုက်သည့်အခွန်များကို အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိပဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံ ဆောင်ရွက် ရန် ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ အခွန်ရငွေလျာထားချက်နှင့် ကောက်ခံရရှိမှု ကာလတူနှိုင်းယှဉ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီမကုန်မီ Robusta ကော်ဖီ(၂၃၇)ဧကနှင့် ကိုကိုးသီးနှံဧက(၇၀၀) စတင် စိုက်ပျိုးမည်ဖြစ်

ပဲခူး ဩဂုတ် ၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၃) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်သဖြင့် လာမည့်နွေစပါး စိုက်ရာသီအတွက် ယခုအချိန် ကတည်းက စိုက်ပျိုးရေအား စနစ်တကျသုံးစွဲရန်နှင့် ချောင်းပိတ်/မြောင်းပိတ် လု်ပငန်းများ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလိုစပါးမျိုးများ ကြိုတင် စုဆောင်း ဖြန့်ဝေပေးထားရန်လိုအပ်ပြီး မိုးရေချိန်များ၍ ရေနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ပြန်လည်ကုစားနိုင်ရေး ပျိုးခင်းများကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ဒေသခံ တောင်သူများအား ခေါင်နှံဖြင့် မျိုးစပါးပြန်လည်အသုံးပြုနိုင်ရေး အသိပညာပေးရန်နှင့် တစ်နှစ်(၃)သီးစိုက် မြေနေရာများတွင် စိုက်ချိန်မှန်၊ စိုက်ပျိုးသီးနှံ မှန်ကန်စေရေး သက်ဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု အဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပြီး သဲဆန်ကုန်းကြောမြေနှင့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်(၂)သီး သီးထပ်တိုးချဲ့စိုက်ပျိုး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂ =================         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အိုးဘိုကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်ရန် အချက်အလက်များအား ပဲခူးခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ တာဝန်ရှိသူများက မှတ်တမ်းဗွီဒီယိုဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။           အဆိုပါ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မှာယူ ခဲ့ပြီး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ပဲခူးခရိုင်အတွင်းရှိ …

Read More »