ပဲခူး ဧပြီ ၄ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့၊ ဦးအောင်ရွှေ၏ ထာဝရမေတ္တာ ဆန်စက်၊ မြေပဲကြိတ်ခွဲစက်၊ စပါးအခြောက်ခံစက်နှင့် ဆီစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲစိုက်တောင်သူများထံမှ ဒေသပေါက်ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထွက်နှုန်းကောင်း ဗီယက်နမ် မြေပဲမျိုးများ ဖြန့်ဝေပေးခဲ့နိုင်မှုကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် တင်း(၁၀၀)အထက် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ ဦးကျော်စိုး၏ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားရှိသည့် …
Read More »Monthly Archives: April 2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက် ကူညီထောက်ပံ့
ပဲခူး ဧပြီ ၃ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အတူ ဧပြီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ရောက်ရှိခဲ့ပြီး ဧပြီလ(၂)ရက်နေ့၊ ညပိုင်းက မီးလောင်ကျွမ်းခဲ့သည့် ပဲနွယ်ကုန်းဈေးနေရာသို့ ရောက်ရှိခဲ့ပြီး ယာယီဈေးအတွက် စည်ပင်သာယာပန်းခြံမြေနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး နှစ်အလိုက်ဘတ်ဂျက်များ လျာထား၍ ပဲနွယ်ကုန်း ဈေးအား ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဈေးအဝင်လမ်းအား မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက် သွားလာနိုင်ရေး ဆောင်ရွက်ရန်၊ ဈေးအတွင်း မီးသတ်ရေငုတ်များနှင့် မီးသတ်ရေစင် များ ထည့်သွင်းတည်ဆောက်နိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား …
Read More »ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိပ်ဖွင့်တင်ဒါခေါ်ခြင်း
ပဲခူး ဧပြီ ၃ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိပ်ဖွင့်တင်ဒါခေါ်နေမှုအား သိရှိနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်- အပြည့်အစုံဖတ်ရှုရန်——————–
Read More »ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဧပြီ ၂ ================ ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမကြီး၌ ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းပြည်၏အခန်းကဏ္ဍအားလုံး ပုခုံးပြောင်း တာဝန်ထမ်းဆောင်မည့် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည်စုံကာ အကျင့်စာရိတ္တကောင်းမွန်တဲ့ အသိဉာဏ်ပညာ ဖွံ့ဖြိုးသူများဖြစ်အောင် ယခုအချိန်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တွင် ပါရှိသည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံမှ …
Read More »အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၆)မျိုး ရရှိထားပြီးဖြစ်သော်လည်း ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား
ပဲခူး ဧပြီ ၁ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)အား ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား ချက်များအား ချပြရှင်းလင်းပြောကြားခဲ့သည်။ ယခင်က တောင်သူစိတ်ကြိုက် မိရိုးဖလာနည်းများအတိုင်း စိုက်ပျိုးခဲ့မှုအပေါ် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် မိုးစပါး(၁၁)တင်း ပိုမို ထွက်ရှိခဲ့သည့်အပြင် ပဲမျိုးစုံ အထွက်နှုန်းတိုးတက်ခဲ့ပြီး တောင်သူများကိုယ်တိုင် စိုက်ပျိုးရေးဝင်ငွေ တိုးတက် ရရှိလာသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့် အလမ်းများ …
Read More »