နောက်ဆုံးရသတင်းများ

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ရုံတည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံ

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် Nann Yar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သက်သက်မွန်ဦးဆောင်သော အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဒေါ်သက်သက်မွန်က မိမိတို့ကုမ္ပဏီသည် ယခင် ၂၀၀၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ၌  လာရောက်ရင်းနှီးမြှုပ်နှံခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှုများကြောင့် အခြားပြည်ပနိုင်ငံများသို့ သွားရောက်ရင်းနှီးမြှုပ်နှံခဲ့ရပါကြောင်း၊ ယခုအခါ  မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ နိုင်ငံတကာမှ စီးပွားရေး ဖိအားပေးခြင်းများမရှိတော့သဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မည်သည့်မြို့နယ်၌မဆို ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုရင်းနှီးမြှုပ်နှံမှုသည် မိမိတို့ကုမ္ပဏီအနေဖြင့် အကြီးမားဆုံးအထည်ချုပ်စက်ရုံများ တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြေဧရိယာ(၁၀၀/၁၅၀) ဧကခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်ရုံ၌ ဒေသခံပြည်သူ(၁၂၀၀၀)ဦးအား အလုပ်အကိုင်အခွင့် အလမ်းများ …

Read More »

Digital System ဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံ

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ရုံးခန်းသို့ Digital System ဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် Digital Economy Development Committee မှ မန်နေးဂျင်းဒါရိုက်တာ ဦးမြမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ ဦးမြမိုးအောင်က Digital System ဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင် ရန်လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် မြေယာ ကိစ္စရပ်များ အငြင်းပွားမှုစသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးအတွင်း Pilot Project အဖြစ် မည်သည့်လုပ်ငန်းကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုပေးနိုင်ပါရန် တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ၌ Digital System များ အသုံးပြုနေပြီဖြစ်ကြောင်း၊ အစိုးရ၏ …

Read More »

နေပြည်တော်၌ ကျင်းပပြုလုပ်သော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ (၂/၂ဝ၁၇) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

သြဂုတ် ၂၉ (နေပြည်တော်) ================================================ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ (၂/၂ဝ၁၇) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူနှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချိုနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း ၍ ၂ဝ၁၇ခုနှစ် …

Read More »

လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၂၉ (ပဲခူး) ==================================== သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အသက်(၉၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် အဖွင့်အမှာစကား ပြောကြားရာတွင် “အသက်(၉၀)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ရာတွင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ဘိုး/ဘွားများ လက်ဝယ်ရောက်ရှိအောင် သေချာစွာဆောင်ရွက်ပေးရန်၊ ကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများ၊ မရှင်းလင်းသည်များရှိပါက ဌာနဆိုင်ရာ အချင်းချင်း ညှိနှိုင်းပူးပေါင်းဖြေရှင်းကြရန်၊ ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်မှာဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။ ထို့နောက် လူမှုရေးပင်စင်ဆိုင်ရာ အကြောင်းအရာများ၊ သင်တန်းခေါ်ယူရခြင်း၏ ရည်ရွယ်ချက်၊ လူမှုရေးပင်စင် ပေးအပ်ရာတွင် …

Read More »