ပဲခူး အောက်တိုဘာ ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲ၌ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးမှ ဘာသာရပ်(၁၀၆)ခု၊ ပြိုင်ပွဲဝင် (၂၂၀)ဦးဖြင့် သွားရောက်ယဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၁၄)ခု၊ ကြေးတံဆိပ်(၁၄)ခု စုစုပေါင်း (၄၀)ဆုရရှိခဲ့ပြီး ယခင်နှစ်ကထက် ပိုမိုအောင်မြင်မှုများရရှိခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်(၅) နေရာရရှိခဲ့ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏ အနုပညာရပ်နယ်ပယ်အသီးသီးတွင် ကျွမ်းကျင် ပိုင်နိုင်သူများ၊ အရည်အချင်းရှိသူများဖြစ်ကြသော်လည်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website