Home / 2026 / October / 29

Daily Archives: October 29, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၂၉           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကဝမြို့၊ မြို့တော်ခန်းမ၌ ပဲတီစိမ်း သီးနှံ ပိုးသတ်ဆေးဓါတ်ကြွင်းကင်စင်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား သဘာဝရွတ်ဖျန်းမြေဩဇာ ပံ့ပိုးပေးခြင်း အခမ်းအနားသို့ ရောက်ရှိခဲ့ပြီး  ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်တွင်း/ပြည်ပမှ စားသုံးသူများအတွက် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်တဲ့ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး အသိပညာပေး ပြောကြားခဲ့ သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူးက အခမ်းအနား ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား …

Read More »