တောင်ငူ မတ် ၁၁ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီး မြို့တွင်းလမ်းပိုင်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ် အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ညဘက်တွင်မြင်နိုင်သည့် ရောင်ပြန်လမ်းပြင် အမှတ် အသား ဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ (၁)နှစ်သုံးသီး သီးထပ်စိုက်ပျိုးနိုင်ရေး၊ မြို့တွင်း/မြို့ပြင်သန့်ရှင်းသပ်ရပ်စေရေးမှာကြားခဲ့ကာ မြို့ဝင်လမ်းမီးလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သင်တန်းကျောင်းများ၌ အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူမ…
ရေမွန်းသောမွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်းသင်တန်း ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသက်ကယ်ပြု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သဲကုန်း ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လူငယ့်အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ သို့ တက်ရောက်ချီးမြှင့်
ပြည် ဇန်နဝါရီ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ခရိုင်၊ ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပန်းတောင်း ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်န…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး
နတ်တလင်း ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ညောင်လေးပင် ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ် စဉ်( ၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျော…
နောက်ဆုံးရသတင်းများ
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မတ် ၁၀ ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အေးချမ်းအောင် မြင်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီအလိုက် လုပ်ငန်းကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ အသေးစိတ် တင်ပြပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဆပ်ကော်မတီအလိုက် …
Read More »ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ပဲခူး မတ် ၈ ================== ပဲခူးမြို့ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ မွန်လွဲပိုင်းအချိန်က ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဌာနဆိုင်ရာပေါင်းစုံပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးထားသည့် ဆောင်ပုဒ် သည် “စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊မတန်းတူ ညီမျှစို့” ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ စာဆိုအကျော်အမော်များ၊ အနုပညာရှင်များ၊ စွမ်းဆောင်ရှင်များ များစွာပေါ်ထွန်းခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ အမျိုးသမီးများအတွက်ကို ထည့်သွင်းစဉ်းစားပေးမယ်ဆိုလျှင် လျှင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ ကဏ္ဍစုံမှာ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင် …
Read More »နွေစပါးအောင်ရေရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား
ပဲခူး မတ် ၇ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၇)ရက်နေ့၊ နံနက် ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကို ရောက်ရှိလာပြီဖြစ်ပြီး လေပြင်းတိုက်ခြင်း၊ မိုးသက်လေပြင်း ကျခြင်း၊ မီးဘေးအန္တရာယ်နှင့် ရေရှားပါးခြင်းစသော သဘာဝ ဘေးအန္တရာယ်များ ကျရောက်နိုင်မည်ဖြစ်၍ ကြိုတင်ကာကွယ်ရေးလု်ပငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ လူ/စက်ယာဉ်ယန္တရားများ အသင့်အနေအထား ထားရှိခြင်းခြင်း၊ မီးတားလမ်းများ ဖောက်လုပ် ခြင်းနှင့် ရုံး/ဌာန အဆောက်အဦများတွင် မီးငြိမ်းသတ်ပစ္စည်းများ စနစ်တကျထားရှိခြင်းများ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီရောက်ရှိနေပြီဖြစ်၍ နွေစပါးအောင်ရေ ရရှိစေရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန်နှင့် ရေချိုကို အကျိုးရှိစွာအသုံးပြုရန်ဖြစ် ကြောင်း၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ကိုင်းမြေများ၊ …
Read More »ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး မတ် ၆ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၅)ထပ်၊ (၄)လုံး အခန်းပေါင်း(၈၀)ခန်း (၁၀၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များဖြင့် အဆောက်အဦများအား စနစ်တကျ စိစစ်လက်ခံဆောင်ရွက်သွားရန်နှင့် အိမ်ရာဝန်း အတွင်း/အပြင် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၌ တည်ဆောက်လျက်ရှိသော အားကစားဥယျာဉ်စီမံကိန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး …
Read More »