ပဲခူး ဩဂုတ် ၂၉ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ကြူတောကန်ကျေးရွာ၌ တောင်သူပူးပေါင်းပါဝင်သော Basic Seed- Commercial Seed ဆင်းသုခ မျိုးစေ့ထုတ် စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ဖူလုံစေရေးအတွက် ကျေးရွာများအလိုက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုး သွားရန်၊ မြို့နယ်အလိုက် မျိုးသန့်စင်စက်များဖြင့် တောင်သူလိုအပ်သည့် မျိုးသန့်မျိုးစေ့များဖြစ်စေရေး ပံ့ပိုး ကူညီဆောင်ရွက်ပေးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းလယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
တောင်ငူ စက်တင်ဘာ ၃ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်…
ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဩဂုတ် ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဩဂုတ် ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြိ…
ကျေးလက်နေပြည်သူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များ စတင်ထူထောင်နိုင်ရေး ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် “စက်ချုပ်နည်းပညာ သင်တန်းများ” ဖွင့်ပွဲနှင့် ဖွင့်လှစ်ပြီးသင်တန်းများမှ ကျေးလက်နေပြည်သူ များအတွက် “ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ” အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပ
ပဲခူး ဩဂုတ် ၂၆ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူး…
ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်
ပဲခူး ဩဂုတ် ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမျာ…
နောက်ဆုံးရသတင်းများ
ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပြည် ဩဂုတ် ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အတူ ဩဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဆရာ/ ဆရာမများအား ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများ ဘာသာရပ်အလိုက် အေးချမ်းစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သုတေသနနှင့် နည်းပညာပြန့်ပွားနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ တန်ဖိုးလက်ဆွဲနည်းကောက်စိုက်စက်များ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ပေးလျက်ရှိ
ပြည် ဩဂုတ် ၂၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၆)ရက်နေ့၊ နံနက် ပိုင်းက ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဆေးရုံပြ လူနာများအား နှုတ်ဆက်အားပေးခဲ့ကာ ထမင်းဗူးများ ဝေငှပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆေးဝါးများ ပြတ်တောက်မှုမရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လာရောက်ဆေးကုသပေးသည့် အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဆေးဖိုးထောက်ပံ့ငွေကျပ်သိန်း(၅၀) ပေးအပ်ခဲ့သည်။ ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်(၈၀၀)ဦးကျော်အား ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးနှင့်ပတ်သက်သည့်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့် ပတ်သက်သည့်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ မျက်စိ/နား/နှာခေါင်း/ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်
ပြည် ဩဂုတ် ၂၅ =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မြောင်းဆုံကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မိရိုးဖလာစိုက်ခြင်းမှ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ ပြုပြင်ပြောင်းလဲ စိုက်ပျိုးသွားနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြည့်ဆည်း ဆောင်ရွက်နေမှု၊ နွေစပါး စိုက်ပျိုးရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်မှု မှတ်တမ်း ဗွီဒီယိုအား ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု အားပေး
ပြည် ဩဂုတ် ၂၄ =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာနှင့် မိန်းမရဲကျေးရွာတို့၌ ဆီထွက်သီးနှံ မိုးနေကြာ(စပ်မျိုးနေကြာ-၁)နှင့် (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးနေကြာအပြင် ဆောင်းနေကြာအား အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာ၊ ရာသီဥတုနှင့် ကိုက်ညီသည့် နေရာများရှာဖွေ၍ တိုးချဲ့စိုက်ပျိုး သွားရန်၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အသိ ပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ တီတွတ် ကျေးရွာအနီး မွေးမြူရေးဇုံ အကောင်အထည်ဖော်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website