နောက်ဆုံးရသတင်းများ

ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဇူလိုင် ၁၀ =====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ၏ စံကျောင်းတော်ကြီး၌ သတ္တဝါများ ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြ သည့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကန်တော့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်(၁၅)ပါးအတွက် နဝကမ္မအလှူငွေ ကျပ်(၇၅၀၀၀ဝိ)လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ခဲ့ကြသည်။           အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း သတ္တဝါများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝင်းစေရန်၊ ကျရောက်နေသည့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ပဲခူးမြို့နယ်အတွင်းရှိ သုံးဂိုဏ်းဝင်ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်၊ စည်းကမ်းချက်များ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၉ ==================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါကြောင့်သေဆုံးသူအများစုသည် ဆေးရုံသို့နောက်ကျမှ ရောက်ရှိလာသည့်အပြင်  သွေးထဲတွင် အောက်စီဂျင် အလွန်ကျဆင်းနေသည်ကို တွေ့ရှိရကြောင်း၊ ဒါကြောင့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မကျန်းမာသူများ၊ အနံပျောက်ခြင်း၊ဖျားနာခြင်း၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက ချက်ခြင်းပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူရန် အသိပညာပေးခြင်းအား ထပ်ခါ ထပ်ခါ နှိုးဆော်ပေးသွားရမည် ဖြစ်သည့်အပြင် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ Hot Lineတယ်လီဖုန်းနံပါတ်များအား အများပြည်သူသိရှိနိုင်ရေး လူစည်ကား …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာများ လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၉ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၉) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က  ပဲခူးမြို့နယ်အတွင်းရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း ပွဲကြည့်စင်၌ ဖွင့်လှစ်ထားသည့် COVID-19 ရောဂါ  စစ်ဆေးရေးစင်တာ၊ ပဲခူးမြို့ GTI ကျောင်း၌ ဖွင့်လှစ်မည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာ၊ ပဲခူးတက္ကသိုလ်ဆေးရုံ၌ ဖွင့်လှစ်ထားသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးစင်တာနှင့် ပဲခူးမြို့၊ အသောကဘုန်းတော်ကြီးကျောင်းရှိ Facility Quarantine စင်တာ များသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်‌ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး လျှပ်စစ်မီး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၈/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၇ ==================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၈/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါပိုးသည် ကူးစက်မှုအရမ်းမြန်သလို သေဆုံးမှုနှုန်းလည်း မြှင့်တက်လျက်ရှိ၍  တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအနေဖြင့် အောက်ခြေဝန်ထမ်းများအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ထပ်ဆင့်အသိပေးရန်၊ မိုးရာသီ ဖြစ်၍ ရေကြီးနိုင်သည့်နေရာများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ တာကျိုးပေါက်နိုင်သည့် နေရာအား ကြိုတင်စစ်ဆေးထားရန်နှင့် ၎င်းနေရာရှိ ပြည်သူများအား ကြိုတင်သတိပေးထားခြင်း များ စီစဉ်ဆောင်ရွက်ထားရန်၊ လိုအပ်သော သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေးကာကွယ်ရေးပစ္စည်း ကြိုတင်စုဖွဲ့ထားရှိရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့ဝင်များအားလုံး ကျန်းမာရေးသတိ၊ …

Read More »

COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၅ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၅) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု  COVID-19 ရောဂါပိုးသည် အလွန်ကူးစက်မှု မြန်ဆန်ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားလျက်ရှိသည်ကို နေ့စဉ်သတင်းတင်ပြချက်များအရ သိရှိနေရကြောင်း၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် Mobile Lab စနစ်ကိုအသုံးပြုပြီး ရပ်ကွက်/ကျေးရွာများအထိ စစ်ဆေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဒါမှသာ ကျန်းမာရေးအတွက် လိုအပ်ချက်များကို အချိန်မီသိရှိနိုင်ပြီး ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စာသင်ကျောင်းများ နှင့် Stay at …

Read More »