Home / 2021 / December (page 3)

Monthly Archives: December 2021

ပဲခူးမြို့တွင် ဟံဟာဝတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇ ရက် ============= ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေပိုင်းအချိန်က ဟံသာဝတီညဈေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေနှင့် စီးပွားရေးရာ ဝန်ကြီးဦးတင်ဦးတို့က ဟံသာဝတီညဈေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဟံသာဝတီညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှုအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဟံသာဝတီညဈေးအား ဈေးဆိုင်ခန်းပေါင်း(၁၆၇)ခန်းဖြင့် နေ့စဉ်ညနေ(၄)နာရီမှ ည(၈:၃၀)နာရီအချိန်ထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ(GRF)နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ …

Read More »

ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇ ============= ပဲခူးမြို့၊ ညောင်ဝိုင်းမြောက်ပိုင်းရပ်ကွက် ကုန်စိမ်းသားငါးပျံကျဈေး‌ရုံနေရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းအချိန်က ကုန်စိမ်းသားငါး ပျံကျဈေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအား ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးဆွေနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် MJT Co,Ltd မှ ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း အသုံးပြုနိုင်ရန်အတွက် အမှိုက်ပုံး(၇၀)ပုံးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါ ကုန်စိမ်းသားငါးပျံကျဈေးရုံအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၂၆၄.၁၅၀)သန်းဖြင့် Steel Structureအမျိုးအစား …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူ သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

ပဲခူး ဒီဇင်ဘာ ၆ ရက် ============ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်း ခန်းမတွင် ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို လယ်ယာလုပ်ငန်းခွင်၌ စနစ်တကျနည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘုရားကြီးမြို့ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပဲခူး ဒီဇင်ဘာ ၂ ============= ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်ရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး လူမျိုးအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသင်းအဖွဲ့(၆၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး တိုင်းရင်းသား ဘဝများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေကြတာကို မြင်ရသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ မိမိတို့ လူမျိုးအလိုက် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်ခြင်းသည် အင်မတန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာသင်ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားသည့် ဆရာ/ ဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာသာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁ ရက် ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လယ်ပိုင်း အချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ် ပေးကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုယ်စား ပေးအပ်ချီးမြှင့် ခွင့်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် များ ဆက်ကပ်ခံရသည့် ရဟန်းတော်များနှင့် သီလရှင်ဆရာကြီးများကို (၁၇-၃-၂၀၂၁)ရက်နေ့တွင် …

Read More »