နောက်ဆုံးရသတင်းများ

ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဒီဇင်ဘာ ၄ (ပဲခူး) ==================== ပဲခူးမြို့၊ (၁၀)မိုင်ကုန်း၊ Shwe Pyi Resort ၌ ဒီဇင်ဘာလ (၄)ရက်နေ့၊ ညနေ(၆:၃၀)အချိန်က ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအား အဋ္ဌမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ၂၀၀၈ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပြိုလဲ၊ ပျက်စီးခဲ့သည့် သစ်ပင်ကြီးများအား အဖိုးတန်ပန်းပုရုပ်တုအဖြစ် ထုလုပ်ပြီး ကမ္ဘာ့အကြီးဆုံးနှင့် အများဆုံး ပန်းပုရုပ်ထုများ တစ်နေရာတည်း စုစည်းထားရှိမှုကို သိရှိစေရန် …

Read More »

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃ (ပဲခူး) ===================== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် “သံစဉ်ပန်း” မသန်စွမ်းအနုပညာ လှုပ်ရှားမှုအဖွဲ့မှ အဖွင့်သီချင်းသီဆို၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၂ခုနှစ် မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်စွမ်းတို့ကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာစေရန် ၁၉၉၄ခုနှစ်မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ (၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုကျင်းပလာတာ ယခုနှစ်သည်(၂၆)ကြိမ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်သတ်မှတ်ထားသည့် “အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများစွမ်းရည် မြင့်မားလာစေရေးဦးတည်ပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက …

Read More »

တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁ (တောင်ငူ) ================== ဒီဇင်ဘာလ (၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာအုပ်စု၊ မြောက်ရေကြည်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မေသီဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းသည် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူတို့၏ လိုအပ်ချက်၊ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်၊ အစိုးရနှင့် ဌာနဆိုင်ရာများ ဟန်ချက်ညီညီပေါင်းစပ်၍ ပြည်သူများ၏ ကြုံတွေ့ရင်ဆိုင်နေရသည့် အမှုအခင်းကိစ္စများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့အစိုးရ၏ နိုင်ငံရေးအရ စိန်ခေါ်မှုများ၊ ပြည်ပနိုင်ငံများ၏ ဖိအားများကို ရင်ဆိုင်နေရသည်ကို သိရှိနားလည် သဘောပေါက်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူကွဲပြားမှုများကို နားလည်မှုရှိရှိ လက်ခံကာ ပူးပေါင်းဆောင်ရွက်တတ်မှသာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်သည် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁ (တောင်ငူ) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁)ရက်နေ့  နံနက်(၉)နာရီအချိန်က တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စု၊ နဂါးမောက်ကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ရှိမြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ အကြပ်အတည်းနှင့် ကြုံတွေ့နေရပြီး တစ်နည်းအားဖြင့် ပြည်ပနိုင်ငံများ၏ တရားစွဲဆိုမှုများကိုလည်း ရင်ဆိုင်နေရကြောင်း၊ တရားစွဲဆိုမှုသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကို တရားစွဲဆိုခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို တရားစွဲဆိုခြင်းကြောင်း၊ ဒီအခြေအနေကို ဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် သံတမန်နည်းလမ်းအရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ကမ္ဘာကသိအောင် အရှိအတိုင်း၊ အမှန်အတိုင်း ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီနေရာမှာ အားလုံးစည်းလုံးညီညွတ်မှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုမရှိဘဲ အာဏာကိုမက်မောပြီး လက်နက်စွဲကိုင်ကာ စစ်ပွဲတွေဖန်တီးနေမယ်ဆိုရင်တော့ …

Read More »