နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၀ (ဒိုက်ဦး) ============= ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်လ(၂၀)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများသည် ပြည်သူများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် ကြန့်ကြာနေမှုများ၊ ဒေသလိုအပ်ချက်များအား စုပေါင်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူတို့ စုပေါင်းတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီကို အခြေခံသော လူ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းသော ပြဿာနာဖြေရှင်းနည်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ဒီမိုကေရစီဆိုသည်မှာ စည်းကမ်းရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံကြီးသားပီသခြင်း၊ မိရိုးဖလာဓလေ့ထုံးစံ ဘာသာတရားကိုင်းရှိုင်းလိုက်နာခြင်း၊ မိမိစွမ်းရည်သတ္တိကို ထက်မြက်အောင် ဆောင်ရွက်လျက် အပြည့်အဝ အသုံးချခြင်း၊ ထကြွနိုးကြား သနား သည်းခံ ဝေဖန်ထောက်ရှုခြင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲသို့တက်ရောက်

FI

ဇူလိုင် ၂၀ (ဒိုက်ဦး) ============= ဒိုက်ဦးမြို့နယ် ပနွတ်ကျေးရွာအုပ်စု ပနွတ်ကျေးရွာတွင် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုကျောင်းဆရာတော် ဘဒ္ဒန္တဇာဂရ၊ သာကေတမြို့နယ် ကော့ကဒွတ်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒိုက်ဦးမြို့နယ် စိန်ပန်းကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်တို့က ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း အဖွင့်အမှာစကားပြောကြားပြီး မေတ္တာအလင်းတံတား ဖြစ်မြောက်ရေးကော်မတီဝင် ဦးကျော်လွင်ဦးက တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပနွတ်ကျေးရွာသူ/သားများကိုယ်စား ဦးစိုးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ်ထံသို့ တံတားဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပနွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်မှပေးအပ်ပြီး တံတားတည်ဆောက်ရာတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၉ (ပဲခူး) ================== ပဲခူးမြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၌ ဇူလိုင်လ(၁၉)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမောင်မောင်ရွှေနှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးဘဝင်းအားလည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးညွန့်ရွှေနှင့် ဦးကျော်မင်းစံတို့မှ အာဇာနည်ပုဂ္ဂိုလ်ကြီး မန်းဘခိုင်အားလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး စပ်စံထွန်းအားလည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးရာဇာတ်အားလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး …

Read More »

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ (၇၂)နှစ်ပြည့်အာဇာနည်နေ့ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၉ (ပဲခူး) ================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဇူလိုင်လ(၁၉)ရက်နေ့ နံနက် (၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့တွင် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများက ဆရာတော်ကြီး(၉)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ မေတ္တာပို့သကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေးကာ ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း …

Read More »

ပဲခူးမြို့ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အား Public Area အဖြစ်ပိုမိုအသက်ဝင်လာစေရန်အတွက် ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်

FI

ဇူလိုင် ၁၈ (ပဲခူး) ============= ပဲခူးမြို့ ရွှေမော်ဘုရားလမ်းနှင့် တောင်ငူလမ်းဆုံ၊ ရန်ကုန်-မန္တလေးကားလမ်းဘေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တွင်ရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အား ခြံစည်းရိုးများကို ဖြုတ်ပီးPublic Area အဖြစ် ပိုမိုအသက်ဝင်လာစေရန်အတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ်သိန်း(၃၀၀)ဖြင့် ပဲခူးမြို့နယ်စည်ပင်ကော်မတီနှင့် မြို့နယ်စည်ပင်ယာရေးအဖွဲ့မှ ဦးဆောင်ပြီး ခုံတုံးအဆင့်မြှင့်ခြင်း ၊ ကြေးရုပ်ပတ်လည် အုတ်ရေမြောင်းဆောင်ရွက်ခြင်း၊ ရွှေရောင်အစား ကြေးရောင်ပြောင်းလဲသုတ်ခြင်းတို့ကို ဇွန်လဒုတိယပတ်မှ စတင်ပြီးဆောင်ရွက်ခဲ့ရာ ပြီးစီးသွားပြီဖြစ်သည်။ ဆက်လက်၍ အဆိုပါဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပတ်ပတ်လည်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်တစ်ပိုင်း ကြေးရုပ်များဝယ်ယူတပ်ဆင်ခြင်းကို ငွေကျပ်သိန်း(၁၈၀) ဖြင့် လျာထားဆောင်ရွက်လျှက်ရှိသည့်အပြင် ပြည်သူများ နေ့ညအပန်းဖြေ စိတ်ရွှင်လန်းနိင်စေရန်နှင့် နိုင်ငံခြားသားဧည့်သည်များ ခရီးသွား Internet လမ်းညွှန်အသုံးပြုန်င်စေရန်အတွက် 5BB နှင့် ချိတ်ဆက်၍ Internet Free WiFi ကိုလည်းဖြည့်စွက် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »